တကယ်လို့ သူကသာ နာမည်ကျသွားလျှင်.. သူ့နေရာမှာ နောက်ပေါက် မင်းသမီးတွေက သူ့နေရာမှာ အစားထိုးသွားလိမ့်မည်.. နုပျိုမှုကို အခွင့်ကောင်းယူပြီး အလုပ်ကောင်းကောင်းမလုပ်ခဲ့လျှင်.. နောင်တချိန် သူကြိုက်တဲ့ဇတ်ရုပ်ကို သရုပ်ဆောင်ခွင့် ရနိုင် မရနိုင် မသေချာတော့..
ဒီသရုပ်ဆောင်နယ်ပယ်မှာ ပေါ်လိုက် ပျောက်သွားလိုက် ဖြစ်သွားသော အဖြစ်အပျက်များ ကို သူ အများကြီး တွေ့ခဲ့ဖူးပြီ.. နောက်ဆုံးတော့ သူ့မှာရွေးချယ်ခွင့် မရှိပဲ .. ဒီလို ကော်ဇောနီပွဲ လာလို လာလေရတော့သည်။
"လစ်ဆီ.. သူငယ်ချင်းတယောက်ပြောတာ က သူ့မှာ နောက်ဆုံးပေါ်မော်ဒယ် တစုံ ရှိတယ်တယ်.. အဲ့ဒါ ဌားလိုက်မယ်လေ"
"တုပထားတဲ့ဟာ.. မဝတ်ချင်ပါဘူး.. "
အန်နီက ချက်ချင်း အကြံပေးလိုက်သည်၊
"ပုံ နဲနဲလေး ရိုက်ဖို့ပဲလေ.. မဟုတ်ရင် ပွဲထဲ မဝင်ရဘူးလို့လူတွေ သိသွားရင်.. မကောင်းပါဘူး.. "
လစ်ဆီ ခေါင်း ကို ထောက်လိုက််သည်၊ သူ တကယ် ဒီလို မဝတ်ချင်.. ပုံမှန်ဝတ်စုံ တွေသာ ဝတ်ချင်သည် .. အတု ဝတ်လျင် ..တခြားသူတွေရဲ့ ရပိုင်ခွင့်ကို ခိုးတာနှင့် တူတူပင်..
"လစ်ဆီ.. သူများတွေလဲ ဝတ်နေတာပဲလေ.. ဘာလို့ မဝတ်ချင်ရတာလဲ.. ဝတ်လိုက်စမ်းပါ.. မင်း ဘာဝတ်ဝတ် လှတာပဲလေ.."
နာရီဝက်လောက်တောင် မလီဆာ က လစ်ဆီကို တိုက်တွန်းလိုက်ရလေသည်။ နောက်ဆုံးတော့ လစ်ဆီ ဌားလာသော ဝတ်စုံကို ဝတ်လိုက်ရသည်။ ခေါက်ရိုးလေးတွေပါသော စကတ်ရှည်နှင့် ညအလှမှာ လစ်ဆီရဲ့ အရှေ့တိုင်း ဆန်သော အလှနှင့် ပေါင်းစပ်လိုက်လျှင်.. တော်တော်လေးကို လှပနေလေသည်။
"လှလိုက်တာ.. လစ်ဆီက တကယ်လှတယ်.."
ပုံတွေ ထွက်လာတော့ အန်နီ မှာ မနေနိုင်တော့ပဲ ချီးကျူးလိုက်မိသည်။
ပုံပြင်ပေးရတဲ့ ဓါတ်ပုံဆရာ ကတော့ ဘာမှ မပြောတော့ပေ.. ပုံလေးတွေ ရွေးပြီးသည်နှင့် အန်နီက လစ်ဆီ သုံးသော weibo တွင် တင်လိုက်ပြီးနောက်... ပရိသတ် စိတ်ဝင်စားမှု တော်တော်လေး ရလိုက်လေသည်။

YOU ARE READING
CEO AND THE ACTRESS
RomanceLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...