ဝမ်လီချန်ပေးသော လက်မှတ်အားလုံးကို လစ်ဆီ သွားဖြစ်သည်။ ရှိုးပွဲတွင် တရုတ်နိုင်ငံကလာသော အနုပညာရှင်များနှင့် တွေ့ဖြစ်ပြီး ပွဲတိုင်း တက်နေသော လစ်ဆီ ကို ကြည့်ပြီး အားလုံးမှာ တအံ့တအော.. ကြော်ငြာတွေ အများကြီး မရိုက်ရပဲနှင့် လစ်ဆီ ရှိုးတိုင်းမှာ ရှိနေတာ က အံ့အောစရာပင်.. ဘယ်လိုလုပ်ပြီး လစ်ဆီက အဲ့လောက် ကံကောင်းနေရတာလဲ.. . လစ်ဆီ ဘေးနားလူကလွဲပြီး လစ်ဆီ ဘာလို့ ဒီလောက်ကံကောင်းမှန်း ဘယ်သူမှ မသိ..
ရှိုးပွဲတိုင်း တက်ရောက်ရသည့်အပြင်.. နောက်ဆုံးမှာ ကျင်းပသော ညစာစားပွဲကိုလဲ တက်ရောက်ခွင့် ရှိသေးသည်လေ.. လစ်ဆီ ဝတ်စုံတွေနှင့် ပတ်သက်ပြီး ပြည်တွင်း မီဒီယာမှာ တပတ်လောက်ထိ ဖော်ပြနေလေသည်။ အွန်လိုင်းမှာ လစ်ဆီ ဗီဒီယို အပိုင်းအစများကလဲ ရှာဖွေမှုအများဆုံးထဲမှာ ရှိနေဆဲပင်..
နောက်ဆုံး ရှိုးပွဲကို ကြည့်ပြီး လစ်ဆီမှာတော်တော်ပင်ပန်းသွားပြီ.. အနားက လက်ဖက်ရည် ဆိုင် တခု သွားပြီး အနားယူလိုက်လေသည်။ အန်နီ နှင့် မရီရာ က လစ်ဆီ ဘေးမှာနေပြီး မနက်ဖြန် ညစာ စားပွဲအတွက် ဝတ်စုံ ကို တိုင်ပင်နေကြလေသည်။
စပွန်ဆာပေးမဲ့သူ မရှိသောကြောင့် လစ်ဆီမှာ မတတ်သာတော့ပဲ ကိုယ့်ဘာသာ ဝယ်ရတော့မည်။ အဆင့်မှီသော ဝတ်စုံနှင့် လက်ဝတ်ရတနာ ဌားရမ်းခတောင် သန်းချီရှိသည်။ အန်နီနှင့် မရီရာ ပြောနေတာကို ကြည့်ပြီး လစ်ဆီက ရီမောလိုက်ကာ မေးစေ့ကို ထောက်လိုက်ပြီး
"စိတ်မပူပါနဲ့.. အဆင်ပြေတဲ့ ညနေခင်း ဝတ်စုံ ဝတ်သွားလိုက်ပါ့မယ်"
"ဒါပေမဲ့ သခင်လေးချန် က ကောင်းကောင်းလေး ဝတ်ခဲ့လို့ ပြောခဲ့တယ်မလား.. "
"ကျမက လှတာပဲကို.. ကျမ ဝတ်လိုက်ရင် ဘာမှဆို လှသွားမှာပဲကို"
လစ်ဆီက ကိုယ့်ကို ယုံကြည်ချက်အပြည့်နှင့် ပြုံးပြီး ပြောလိုက်လေသည်။
"လစ်ဆီ .. ဒီလို ညစာစားပွဲကို အထင်သေးလို့မရဘူးနော်.. ဒီပွဲလာတက်တဲ့ သူတွေအားလုံးက နာမည်ကြီးတွေပဲ ဆိုတာ မင်းလဲ သိတာပဲ.. ပြီးတော့ ဘယ်သူက ဘာဝတ်လဲ ဘယ်လောက်တန်တယ် ဆိုတာ အကဲဖြတ်ကြမှာ.. ဒီလို အဆင်ပြေတာ ဝတ်သွားရင်.. မင်းကို အထင်သေးသွားရင် ဘယ်လိုလုပ်မလဲ"
VOUS LISEZ
CEO AND THE ACTRESS
Roman d'amourLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...