ညရောက်တော့ သူတို့အားလုံး လီချန်ရဲ့ လက်ရာကို မြည်းစမ်းခွင့်ရလိုက်လေသည်။ သူ့လက်ရာက ကြယ်ငါးပွင့် ဟိုတယ်က စားဖိုမှုးထက်နှိမ့်မကျသောကြောင့် မိုရာတော့ သူ့ကို တော်တော်လေး လေးစားသွားကာ သူ့သူငယ်ချင်းအတွက်လဲ .. စိတ်ချသွားလေသည်။ ..
လစ်ဆီ ဆိုတာက ညစ်ပတ်တဲ့ရေတွေကို ထိဖို့ နဲနဲလေးမှ ဝါသနာပါတဲ့သူမဟုတ်.. (ပြောချင်တာက.. ဟင်းရွက်တွေ အသားငါးတွေ ဆေးကြောတာ ပန်းကန်ဆေးတာ ကို ဆိုလိုတာ ထင်တယ်) ဝမ်လီချန်လို လူကမှ လစ်ဆီ အတွက် သင့်တော်နိုင်လေသည်။
ညစာစားပြီး ခနနေတော့ မိုရာ တို့ နှစ်ယောက်ပြန်သွားလေသည်။ ဝမ်လီချန် လဲ ပန်းကန်တွေ သိမ်းဆည်းကာ မီးဖိုချောင်ဖက် သွားထားလိုက်လေသည်။ ထိုအချိန် သူ့ဖုန်းမည်လာသောကြောင့် ကြည့်လိုက်သည်။ ကုမ္ပဏီ ကဆိုတော့ သူ ဖုန်းယူပြီး ပန်းခြံဖက် သွားကာ စကားပြောလိုက်လေသည်။
ဝမ်လီချန် ပန်းခြံထဲ ဆင်းလိုက်သည်နှင့် လစ်ဆီလဲ မီးဖိုချောင်ထဲသွားကာ အကောင်းစားကြွေထည်တွေကို ကြည့်လိုက်သည်။ ပန်းကန်ဆေးစင် မှာ ပန်းကန်တွေကို ကြည့်ရင်း အမေသင်ထားတဲ့ ပန်းကန်ဆေးနည်းကို ပုံဖော်ကြည့်လိုက်သည်။ ပထမဆုံး ရေဖြင့် အကြမ်းဆေးလိုက်လေသည်.. ပြီးနောက် ပန်းကန်ဆေး ဆပ်ပြာတွေကို ပန်းကန်ပေါ်လောင်းလိုက်ပြီး ပန်းကန်ဆေးဖော့ဖြင့် ဆေးလိုက်သည်။ ဆပ်ပြာဖြင့် ဆေးလိုက်ပြီးနောက် ရေကျင်း ဖို့ လုပ်လိုက်သည်။
လက်က ဆပ်ပြာတွေနှင့် ချော်နေပြီး သူပန်းကန်တွေ အကုန်ယူပြီး ဘေစင်ထဲထည့်ခါနီး .. ချော်ထွက်သွားကာ.. အကုန်ပြုတ်ကျပြီး ခွမ်းခနဲ ကွဲသွားလေသည်. အထပ်လိုက်ကြီးမို့ အသံကလဲ အကျယ်ကြီး ဖြစ်သွားကာ.. လစ်ဆီ ကိုယ်တိုင်လဲ လန့်ပြီး အော်သွားမိသည်.
ကွဲကြေနေသော ပန်းကန်တွေကြည့်ပြီး အားခနဲ လစ်ဆီ အော်လိုက်လေသည်..သူ ထိုင်ချလိုက်ပြီး ပန်းကန်စတွေ သိမ်းဖို့ လှမ်းယူလိုက်တော့ ချွန်ထက်နေသော ပန်းကန်ကွဲစ က လစ်ဆီလက်ကို စူးမိသွားပြီး .. သွေးတွေ ကျလာလေသည်။
အပြင်မှာ ဖုန်းပြောနေသော လီချန်က လစ်ဆီ အော်သံကို ကြားလိုက်တော့ မီးဖိုချောင်ထဲ အမြန်ပြေးဝင်လာသည်.. ပန်းကန်ကွဲစတွေအလယ်မှာ ပုံ့ပုံ့လေး ထိုင်ပြီး လက်ချောင်းကနေ သွေးတစက်စက်ကျနေသော လစ်ဆီ ကို တွေ့လိုက်ရလေသည်။

YOU ARE READING
CEO AND THE ACTRESS
RomanceLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...