လစ်ဆီ ထွက်မလို့ ပြင်လိုက်သည့်အချိန် တံခါးက ပွင့်လာသည်. လစ်ဆီ ရှေ့မှာ ဝင်လာသော သူရဲ့ အကြည့်စူးစူးကို ရလိုက်သည်။ လစ်ဆီ မျက်နှာ နီသွားပြီး အမြန် ရှင်းပြလိုက်သည်။
"အာ.. ကျမ ဒီတိုင်း လိုက်ကြည့်တာ"
"ကိုယ့်အိပ်ခန်းကို အလည်လာတာ..?? တော်တော်ထူးဆန်းတဲ့ ဝါသနာပါလား"
လီချန်က ခပ်ရွဲ့ရွဲ့ပြောရင်း အခန်းထဲ ဝင်ကာ သူ့အိုင်ပက်ကို အားသွင်းလိုက်သည်။
လစ်ဆီ မျက်နှာမှာ ရှက်လွန်းလို့တော်တော်ပူနေပြီ.. သူ စိတ်ညစ်ညစ်နှင့် ဆက်ပြောလိုက်သည်။
"ဒီအခန်းက ရှင့်အိပ်ခန်းမှန်းမသိလိုက်လို့ပါ.. စိတ်မပူပါနဲ့.. ကျမ ဘာမှ မရှာပါဘူး.. "
လီချန်က လစ်ဆီကို လှည့်ကြည့်လိုက်ကာ အဓိပ္ပါယ်ဖော်ဖို့ ခက်ခဲသော အကြည့်များဖြင့် ကြည့်ကာ..
"မင်းကိုယ့်အခန်းကို သဘောကျတယ်ဆိုရင်.. မင်းကို ဒီမှာ အိပ်ခွင့်ပေးမယ်"
လစ်ဆီ တော်တော်လေးလန့်သွားသည်။ သူ ချက်ချင်း ခေါင်းခါလိုက်ပြီး
"ကျမ ကျမ မကြိုက်ပါဘူး"
လီချန် အကြည့်များအေးစက်သွားကာ
"မင်းမကြိုက်ဘူး.. ဒါဆို မင်းမုန်းတာပေါ့"
"မဟုတ်ဘူး.. မဟုတ်ပါဘူး .. ကျမပြောချင်တာက ကျမ မီးခိုရောင် အခန်းကို မကြိုက်တာ.. ကျမက ပန်းရောင်ကြိုက်တာလေ"
လစ်ဆီ ချက်ချင်း ဖြေရှင်းချက်ပေးလိုက်လေသည်။ ဒီလူကို အပြစ်လုပ်တာက မကောင်းဘူး ဆိုတာ လစ်ဆီ ကောင်းကောင်းသိလေသည်. .. အပြစ်မပြုမိအောင် အစကတည်းက ရှောင်နိုင်ရင် အကောင်ဆုံးပါလေ..
သူ့ရဲ့ အစစအရာရာ ခေတ်မှီပြီး တည်ငြိမ်သော မီးခိုးရောင် အခန်းကို ရုတ်တရက်ကြီး လည့်ပတ်ကြည့်ပြီး ပန်းရောင်ပြောင်းလိုက်ရင် ဘယ်လိုနေမလဲ လို့ တွေးကြည့်လိုက်သည်. လီချန် ငြိမ်သွားတာကို အခွင့်ကောင်းယူပြီး
"ကျမ အခန်းကို အရင်ပြန်လိုက်အုံးမယ်.. အောက်ထပ်မှာ တွေ့မယ်နော်"

YOU ARE READING
CEO AND THE ACTRESS
RomanceLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...