ဆယ့်ငါးမိနစ်လောက်နေတော့ အန်နီ မရီရာ နှင့်အတူ ဝတ်စုံ လာပို့တဲ့သူတွေနှင့်အတူ ဝတ်စုံ နှစ်စုံ ရောက်လာလေသည်။ ဝတ်စုံလေးတွေက သေချာလေး ထုတ်ပိုးလို့..
ဝတ်စုံလေးကို ဖွင့်ကြည့်လိုက်သည့်အချိန်.. အားလုံးမျက်လုံးတွေက တောက်ပလို့နေလေသည်.. အရောင် စုံ စိန် ပွင့် တွေ..ပက်ဖြန်းထားသော ပုံစံ.. .. ကောင်းကင်မှာ ကြယ်တွေ စုံနေသော ညလို..
"ဝါး.. လှလိုက်တာ"
အန်နီမှာ မနေနိုင်တော့ပဲ အော်မိတော့သည်။ ခုမှပဲ အန်နီ ရင်ထဲ အလုံး ကျ သွားတော့သည်.. သူ ပြင်ဆင်ထားသည့် ဝတ်စုံတွေက ဒီဝတ်စုံ နဲ့ ယှဉ်လျှင်... ကောင်းကင်နှင့် မြေကြီးပမာ..
လစ်ဆီလဲ အသက် ရှူရပ်သွားသလို ခံစားလိုက်ရသည်.. ဝမ်လီချန် သာ ဒီမှာ ရှိနေလျှင်... ပြေးပြီး ဖက်မိမလား မပြောတတ်.. ညနေခင်း ဝတ်စုံ လေးက လှလွန်းသည်လေ..
"ဟုတ်ပြီ.. ဝတ်စုံ အလှမှာ မျောမနေနဲ့တော့ .. မြန်မြန်လဲပြီး အလှ ပြင်ရအောင်.. လေးနာရီ နှစ်ဆယ် မတိုင်ခင် ထွက်မှာ အခန်းအနားကို မှီမှာ.. မြန်မြန်လုပ်တော့"
ဝတ်စုံလာပို့သော သူတွေကလဲ ဝတ်စုံ ထုတ်ကာ မီးပူတိုက်.. ပြင်ဆင်စရာ ရှိရာကို ပြင်နေသည့်အချိန် လစ်ဆီ ကလဲ မရီရာ နှင့် တူတူ ထိုင်ပြီး အလှပြင်နေပြီ.. ငယ်ရွယ် လှပသော ပုံစံ ဖြစ်အောင် ပြင်ဖို့ မရီရာ တွေးလိုက်သည်.. လစ်ဆီ့ အသားအရေ က ကောင်းပြီး မရီရာ ရဲ့ မိတ်ကပ် စကေးကလဲ ကောင်းသောကြောင့် မိနစ်နှစ်ဆယ်တွင် အလှပြင်လို့ ပြီးသွားပြီ. .. ဆံပင် ကို တဝတ်စီး စီးလိုက်ပြီး .. ပုလဲ ခေါင်းစည်းကွင်း နှင့် စည်းလိုက်သည်။ မျက်နှာဘေးတဖက် တချက်မှာ ဆံပင်ခွေခွေလေး နှစ်ချောင်း ချလိုက်သည်.. လစ်ဆီမျက်နှာ ရှင်းရှင်းလင်းလင်း နှင့် နူးညံ့သည့်ပုံ ပေါက်နေလေသည်။
"ပါဖက် ပဲ"
ဝတ်စုံဝတ်ပြီးသွားသည့်အချိန်မှာတော့ မရီရာက ချီးကျူးလိုက်လေသည်။
"လစ်ဆီရေ.. နက်ဖြန်တော့ နာမည် ကြီးဦးမှာပဲ.. ဒီဝတ်စုံ တခုထဲနဲ့.. စာစောင်တွေမှာ ပလူပျံနေမှာ မြင်ယောင်သေးတယ်"

ŞİMDİ OKUDUĞUN
CEO AND THE ACTRESS
RomantizmLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...