တွေးလေ တွေးလေ... ဒေါသက ပိုထွက်လာလေလေ.. သူ့မျက်လုံးထဲမှာလဲ မကျေမနပ်မှုတွေ .. ဘေးက လူကို ဂျိုကြည့်ကြည့်လိုက်သည်.. စင်ပေါ်မှာ ဘာတွေ ပြောလို့ပြောနေမှန်း အာရုံမရတော့.. ရင်ထဲမှာ ဒေါသ အလိပ်လိပ် တက်နေလေတော့သည်..
သူ ဘယ်သူလဲဆိုတာ လစ်ဆီ သိသွားသည့်အချိန် ဒီလောက်ထိကြီး ဖြစ်သွားလိမ့်မယ်လို့ ဝမ်လီချန် ထင်မထားပေ... သူကလဲ သူ့ကိုသူ အထင်ကြီးခဲ့တာ ဖြစ်လိမ့်မည်.. ဒီအမျိုးသမီးက ဒီလို လှည့်ဖြားမှုကို လွယ်လွယ် ဘယ်လက်ခံမလဲ... ဒေါသလဲ တော်တော်ကြီး ထွက်နေပြန်သည်..
"ကိုယ်တောင်းပန်ပါတယ်"
လစ်ဆီ့ဖက်ကို လဲလိုက်ပြီး အသံတိုးတိုးနှင့် တောင်းပန်လိုက်သည်။ လစ်ဆီကြားလိုက်ပေမဲ့.. သူ နားမထောင်ချင်.. ဒီလူကို ဆက်ပြီး မတွေ့ချင်တော့..
လစ်ဆီ ဆုကိုပွေ့ပြီး မတ်တပ်ရပ်လိုက်သည်.. ပြီးမှ သတိရသွားကာ.. အိတ်ထဲက ဖုန်းရှာလိုက်သည်.. သူ အန်နီ ကို ဖုန်းဆက်ဖို့ လိုသည်.. ဒီကနေ အမြန်ထွက်သွားချင်ပြီလေ..
လစ်ဆီ မတ်တပ်ရပ်လိုက်တာကို ကြည့်ပြီး ဝမ်လီချန်. စိတ်ထဲ တင်းကျပ်သွားသည်.. ဒီအမျိုးသမီး ဘာလုပ်မလို့ပါလိမ့်.. ဝမ်လီချန် ကလဲ လစ်ဆီလို အမြန်ထလိုက်သည်။ မီးက မှိန်ဖျော့သွားပြီး အားလုံးရဲ့ အာရုံတွေက စင်ပေါ်မှာပဲ ရှိနေသည့်အချိန် လစ်ဆီ ဟောခန်းထဲကနေ ထွက်ဖို့ပြင်လိုက်တော့သည်။
လစ်ဆီ အပြင်ရောက်ပြီး တံခါးကို ပြန်ပိတ်ပေးသည့်အချိန်မှာပဲ.. လီချန် ကလဲ လိုက်ထွက်လာသည်..
"လစ်ဆီ နေပါအုံး"
လစ်ဆီ သူ့ကို ဂရုမစိုက်ချင်တော့.. သူ့လမ်းသူပဲ သွားချင်တော့သည်.. လစ်ဆီ သူ့ကို ဂရုမစိုက်တာကို ကြည့်ပြီး လီချန် တဖန်ဒေါသထွက်လာသည်.. သူ လစ်ဆီ့နောက် တောက်လျှောက်လိုက်ကာ သူလက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်.
"ကိုယ်ရှင်းပြတာ နားထောင်ဦးလေ.. ကိုယ်တောင်းပန်တာကိုလဲ နားထောင်ဦး.. "
လစ်ဆီသူလက်ကို ဆွဲထုတ်လိုက်ပြီး သူ့ကို မကျေမနပ်ကြည့်ကာ..

KAMU SEDANG MEMBACA
CEO AND THE ACTRESS
RomansaLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...