Romance Practice အတွက် ဖိတ်စာရောက်လာပြီ.. .. ရိုက်ကွင်းကို နောက်သုံးရက်နေရင် စတော့မည်။ လစ်ဆီ့ဖုန်းကဒ်လဲ ပြန်ရပြီမို့ ဖုန်းအဆက်အသွယ်တွေလဲ ပြန်ရပြီ..
တရက်လုံးနားပြီး ဘာမှမလုပ်ချင်တော့.. မရီရာကို ဖုန်းဆက်ပြီး သူကြိုက်တဲ့ သားရေစာတွေ ဝယ်ခဲ့ခိုင်းလိုက်သည်။ တီဗွီရှေ့က ဆိုဖာပေါ်မှာ သူ တဝက်ထိုင်ပြီး မုန့်အိတ်က တဝက်နေရာယူထားလေသည်။
မရီရာ က လစ်ဆီကို အဖော်လုပ်ဖို့ ဘေးက ဆိုဖာပေါ်ထိုင်နေသည်။ တခုပြီးတခု စားနေသောလစ်ဆီကို ကြည့်ပြီး မရီရာ အားကျလာသည်။ ဘဲလည်ပင်းကို တကျွတ်ကျွတ် ဝါးစားနေသော လစ်ဆီကိုကြည့်ပြီး
" လစ်ဆီ... မမ ရဲ့ ကိုယ်ခန္ဓာက အံ့အောဖို့ ကောင်းလိုက်တာ.. ဒီလောက်စားတာတောင် ဝမလာဘူး"
"ဖေဖေ မေမေ ဆီက အမွေရတာလေ.. သူတို့လဲ ပိန်ပိန်လေးတွေပဲ"
" မမရဲ့ အမ ကကော"
" သူ့ကိုယ်က ပိုမိုက်တယ်.. အရပ်ပိုမြင့်ပြီး ပိုပိန်တယ်.. အသားအရေကလဲ ပိုကောင်းတယ်"
"ဒါဆို... မင်းသမီးတောင် လုပ်လို့ရတာပေါ့.. သေချာပေါက် အရင်းအမြစ်တွေ အများကြီးရမှာ"
မရီရာ က လစ်ဆီကို စလိုက်သည်။လစ်ဆီက ခေါင်းခါလိုက်ပြီး
"သူ လာလုပ်မှာမဟုတ်ဘူး.. သူ့အဆင့်အတန်းက ပိုမြင့်တယ်လေ""ဒါပေမဲ့ မမ က သူ့ထက် ပိုချမ်းသာမှာပဲကို"
" သူက ငွေ ကို လုံးဝထည့်တွက်တဲ့လူ...သူက ငွေလဲ မလိုဘူးလေ.. သူ့လစာနဲ့သူ ကျေနပ်တယ်.. သူ့အဝတ်တွေကလဲ ကိုယ်တိုင်းနဲ့ ချုပ်ထားတာတွေ.. "
"ဝါး.. မမတို့ ညီအမ က တော်လိုက်တာ "
လစ်ဆီ ဗိုက်ပြည့်လာပြီ.. ခွက်ထဲထည့်ထားသော ဝိုင်အေးအေးလေးကို သောက်လိုက်ပြီး
"ပြန်ချင် ပြန်တော့လေ.. အရမ်းနောက်ကျနေဉီးမယ်.."
"ဟုတ်ပြီ.. ဒါဆိုလဲ ပြန်တော့မယ်... လိုတာရှိရင် ဖုန်းဆက်လိုက်"
မရီရာက သူငယ်ချင်းနဲ့လဲ ချိန်းထားသေးသောကြောင့် ပြန်ဖို့ပြင်လိုက်သည်။

YOU ARE READING
CEO AND THE ACTRESS
RomanceLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...