54

108 11 1
                                    

လစ်ဆီ မျက်နှာ ရဲသွားသည်.. ဝမ်လီချန် ရဲ့ အမျိုးသားကိုယ်သင်းနံ့က သူ့တကိုယ်လုံးကို ရစ်ပတ်လိုက်သလိုမျိုး.. အသက်ရှုသွင်းလိုက်တိုင်းမှာ.. သူ့စိတ်တွေ ထွေပြားသွားစေပြီး ဘာကြောင့်မှန်းမသိ.. သူ တကိုယ်လုံး ပူလာသလိုလို..

"တော်ပြီလေ.. ဒီလောက်နီးနေတာကို.. ရှင်ပြောတာ ကျမ ကြားပါတယ်..  "

လစ်ဆီက ဝမ်လိချန် ပိုပိုပြီး ကပ်မလာစေဖို့ သူ့ရင်ဘတ်ကို ထောက်ပြီး ပြောလိုက်သည်။ ဝမ်လီချန်က နဲနဲ ကုန်းလိုက်ပြီး .. နှင်းဆီခင်းလေးလို ဖြစ်နေသော မျက်နှာလေးကို စိုက်ကြည့်လိုက်ကာ.. လေးလေးနက်နက်ပြောလိုက်သည်..

"အကြောင်းရင်း အမှန်ကို မေးတာလေ.. "

တော်တော်မှောင်နေသော ဝမ်လီချန် အကြည့်တွေကြောင့်.. လစ်ဆီမှာ သူ့မျက်လုံးကို တည့်တည့်တောင်မကြည့်ရဲ.. အမှောင်တောထဲမှာ ပျောက်သွားမှာတောင် ကြောက်ရလေသည်..

"အဲ့ဒါကလေ.. အင်း.. မဟုတ်.."

လစ်ဆီက ဖိအားလာပေးတာကို လုံးဝ မကြိုက်တဲ့သူ..

"တကယ်လား"

ဒီအမျိုးသမီးလေးက ကြော်ကြားမှုကို မကြိုက်ဘူးဆိုတာတော့ မဖြစ်နိုင်.. သူ့ဘာသာသူ ရုတ်သိမ်းလိုက်တယ် ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စ.. မနက်တုန်းက သူပြောလိုက်တဲ့ စကားကြောင့်သာ ဖြစ်နိုင်လေသည်... ဒီလိုဆိုလျှင်.. သူကရော..လစ်ဆီ နှလုံးသားမှာ နေရာ တနေရာ ရှိနေပြီလား.. ကျော်ကြားမှုနှင့် သူ နှင့် နှိုင်းယှဉ်လိုက်လျှင်.... သူ့ကို ရွေးချယ် လိုက်လေသလား..

လစ်ဆီ နှုတ်ခမ်းပါးလေးကို စိုက်ကြည့်လိုက်သည်.. ဒီကောင်မလေးကတော့ အပြစ်ပေးခံချင်နေပြီထင်ပါရဲ့..

လစ်ဆီ့မှေးစေ့ ဆွဲခံလိုက်ရပြီးနောက်.. နွေးထွေးတဲ့ သူ့နှုတ်ခမ်းတွေ.. လစ်ဆီ့ နှုတ်ခမ်းသို့ ရောက်လာလေသည်။

လက်နောက်တဖက်ကိုလဲ လစ်ဆီ့ခေါင်းကို ထိန်းလိုက်သောကြောင့်..လစ်ဆီ ရှောင်မရတော့.. လစ်ဆီ မူးမေ့ချင်လာသည်.. ဒီလူတော့ သူများအိမ်ကိုလဲ လာသေးတယ်.. သူများကိုလဲ အတင်းလာနမ်းနေသေးတယ်.. သူ ကောင်မလေးလို့ ထင်နေတာလားမသိ..  ငါလေးကလဲ ကံဆိုးလိုက်တာ..

CEO AND THE ACTRESSOnde histórias criam vida. Descubra agora