25

165 10 3
                                        

လစ်ဆီ ခရီးစဉ် ပြီးဆုံးသွားပြီ...

လီချန်နှင့် တခန်းထဲ တူတူ အိပ်ပြီးနောက်.. မနက်မှာ အန်နာ လာခေါ်ဖို့ ဖုန်းခေါ်လိုက်သည်။ သူ့လက်ကိုင်အိတ်ကို ဟိုတယ်ကနေပြန်ရပေမဲ့...ရေထဲကျသွားတဲ့ဖုန်းက မရတော့...

ထိုမနက်ကတည်းကစပြီး လီချိန်နှင့် သူ အဆက်အသွယ်ပြတ်သွားသည်.. ဖုန်းကဒ်ကလဲ အိမ်ပြန်ရောက်မှ ပြန်လျှောက်လို့ရမည်ဖြစ်ပြီး နိုင်ငံခြားမှာရှိနေတဲ့ အတောအတွင်းမှာတော့...သူ လီချန်ကို မဆက်သွယ်နိုင်..

လေယာဉ်ပေါ်စီးရင်း.. လစ်ဆီ အတွေးထဲမှာ  လီချန်သူ့ကို လွဲပေးခဲ့သော သုံးဘီလီယံ သာ ကြီးစိုးနေသည်.. မပြန်ခင် အချိန်ထိ... လစ်ဆီသူ့ကို ပြန်လွဲပေးမည့်အကြောင်း ပြောခဲ့သည်..

ေသချာပေါက်..  သူ့ကို ပြန်ပေးရမယ်... သုံးဘီလီယံ... တွေးမိသည်နှင့်.. ေခါင်းကိုက်သည်.. နိုင်ငံခြားသွားတာ ကောဇောနီပေါ် လမ်းလျှောက်ဖို့အတွက် သာ ဆိုပေမဲ့ အခုတော့ အဲ့ကနေ အလုပ်အသစ် ရလာပြီ.. Romance Practice.. ရိုက်ကူးရေး...

အိမ်ပြန်ရောက်ပြီး တပတ် အနားယူပြီးသည်နှင့်.. ရိုက်ကူးရေး စတော့မည်.. ဒီတပါတ်တော့ ကောင်းကောင်းအနားယူလိုက်မည်..

လစ်ဆီ မိုရာ့ကို ဖုန်ခေါ်ပြီး ဆိုင်တခုမှာ တွေ့ကြသည်..လစ်ဆီ သူနှင် ဝမ်လီချန်ကြားက အဖြစ်အပျက်ကို ပြောပြလိုက်သည်..

"သူ... နင့်ကို သုံးဘီလီယံတောင် လွဲပေးတာပေါ့.. "

"အင်း..  တပြားမှမလျော့ဘူး.. သူ ငါ့ အကောင့်ထဲ ထည့်ပေးလိုက်တာ " လစ်ဆီ မိုရာ့ပုခုံးကို မှီပြီး.. တိုးတိုးလေး ပြောလိုက်သည်။

" အင်း... သူ့ကို ကဒ်ထဲထည့်ပြီး ပြန်ပေးရမှာ"

"လက်ဆောင်.. အသေးအမွှားတွေ ဝယ်ပေးတယ်.. ဆိုလဲ ထားပါတော့.. ခုက သုံးဘီလီယံတောင် "

"ငါ့ကိုယ်ငါ ရောင်းစားရင်တောင်... အဲ့လောက် မရဘူး.. .. ကိုယ့်ကိုလဲ ရောင်းစားဖို့မတွေးပါဘူး.. "
နို့ပုလဲလုံးတွေဝါးစားရင်း လစ်ဆီ ပြောလိုက်သည်။

မိုရာ ဝါးလုံးကွဲရီလိုက်သည်။

"နင့်ကို ရောင်းစားရင် အဲ့လောက်မရဘူး လို့ ဘယ်သူပြောလို့လဲ... လီချန်က အဲ့ထက် ပိုပေးချင် ပေးမှာပေါ့"

"အမယ်... ငါ့ကို ဟာသ လာလုပ်ချင်သေးတယ်...နင်နဲ့ ရှင့်လဲ့ဟန်.. အကြောင်း ပြောပါအုံး.. ဘယ်အဆင့်ထိ ရောက်သွားပြီလဲ"

" အဲ့လိုပါပဲ "
မိုရာ့အသံထဲမှာ ရှက်ဝဲဝဲ..

"ဘာလဲ.. နင် ရှင်းလဲ့ဟန်ကို ကြိုက်နေပြီထင်တယ်"

"နဲနဲ"

မိုရာ သေချာတွေးပြီး ပြန်ဖြေလိုက်သည်။

" နင်.. သူ့ကို ကြိုက်နေပြီဆို အချိန်မဆွဲနဲ့တော့လေ.. ပြီးခဲ့တာတွေ ပြီးပါစေတော့.. သူနင့်ကို အဲ့လောက် ဂရုစိုက်နေတာ နင်... နှလုံးသား ဖွင့်ပြီး.. သူ့အချစ် ကို လက်ခံလိုက်တော့"
လစ်ဆီက အချစ် ဆရာမကြီးပုံဖမ်းပြီး ပြောလိုက်သည်။

" နင် လဲ ဝမ်လီချန် ဂရုစိုက်မှုတွေကို ကြွေနေပြီထင်တယ်.. နင်သူ့ကို ချစ်မိနေပြီမလား"

"မချစ်ပါဘူး.. အဲ့လိုလူမျိုးကို.. "

"ဘာလို့လဲ"

"သူက ကိုယ့်ကို ယုံကြည်မှုကဲလွန်းတယ်.. ငါက အဲ့လို လူမျိုးမကြိုက်ဘူး... ငါက နွေးထွေးပြီး ငါ့ကို အရမ်းချစ်တဲ့သူ ကိုပဲ ကြိုက်မှာ"

မူရင်းမှာကိုက ဒီအပိုင်းတိုတိုလေးမို့ပါနော်... နက်ဖြန်မှ ထပ်တွေ့မယ်.. မတင်ဖြစ်တာကြာလို့ ဒီအပိုင်းလေး အရင်ပြန်ပြီး တင်လိုက်ပါတယ်ရှင့်..

Love U All. 😍😍

CEO AND THE ACTRESSWhere stories live. Discover now