7

196 11 1
                                        

နေ့လည်ခင်း အအေးဆိုင်တခုမှာ .. မိုရာ လစ်ဆီ နှင့် လိုလီလိုင် ထိုင်ပြီး လဖက်ရည် သောက်နေသည်။ လိုလီလိုင် က သီချင်းအသစ်သွင်းဖို့ ရှိနေပြီး မိုရာ က အလုပ်ပြန်များနေပြီ.. လိုလီလိုင်က ရှဲ့ယန် အကြောင်း မိုရာ ကို ပြောပြလိုက်သည်။ သူက သီချင်းအသစ် ထုတ်ဖို့ လုပ်နေပြီး MV ရိုက်ဖို့လုပ်နေပြီ..

ရှဲ့ယန် နှင့် ပတ်သက်လျှင် မိုရာမှာ အခုထိ သူ့ကို အားနာနေတုန်းပင်.. မိုရာကြောင့် သာ ရှဲ့ယန်မှာ သူ မကြုံဖူးသော အဘန်းခံခဲ့ရပြီး နာကျင်စရာ ရက်များကို ဖြတ်သန်းရသည်။ တကယ်တော့ လိုလီလိုင် ရှိုးပွဲတုန်းက သူ မိုရာ ကို အများကြီး ကူညီပေးခဲ့သည်။ ရှဲ့ယန် မိုရာကို သဘောကျတယ် ဆိုရင်တောင်မှ အရွယ်ရောက်ပြီးသား သူတွေ မို့ ထူးတော့ မထူးဆန်းပေ။

လစ်ဆီက ရှင်းလဲ့ဟန် သားမှန်း တကယ် မထင်ဘူး.. မိုရာ ဟိုး လွန်ခဲ့တဲ့ ငါးနှစ်က ရှင်းလဲ့ဟန် နဲ့ တွဲခဲ့တာလား..

မိုရာနှင့် လစ်ဆီ တယောက်ကို တယောက်ကြည့်လိုက်ပြီး လစ်ဆီက မိုရာ အစားပြောလိုက်သည်။

အင်း .. ခဏလေး တွဲခဲ့တာလို့ ပြောလို့ရမယ်..

မိုရာက ပြုံးရုံသာ ပြုံးလိုက်သည်။ မိသားစုဝင်တွေကလွဲပြီး သူ ဒီအကြောင်းတွေးကို သိပ်မပြောပြချင်.. လိုလီလိုင်က ချိန်းထားတာ ရှိသေးသောကြောင့် ဆက်မပြောတော့ပဲ .. အရင်ပြန်သွားလိုက်သည်။

ဒီနေ့ ညစာ အိမ်ပဲ ပြန်စားမှာလား..

အင်း ... သားအတွက် ချက်ပေးရမှာလေ..

တကယ်လို့ နင့်အိမ်မှာ သားနဲ့ နင်ပဲရှိရင် .. ငါနင့်အိမ်လိုက်စားမှာ.. အခုတော့ ရှင်းလဲ့ဟန် လဲ ရှိနေတော့ ငါ ဘယ်လို မျက်နှာနဲ့ လိုက်စားရမလဲ..

လစ်ဆီ သက်ပြင်းချလိုက်သည်။

နင်လာလို့ရပါတယ်ဟာ..

ငါမသွားချင်ပါဘူးဟာ.. ငါ ခွေးစာသွားစားရမှာလား.. နင်တို့ ကလူကျီစယ်တာကို သွားကြည့်ရမှာလား.. ငါ့လို FA မတော့ သားရေကျပြီး သေမှာတောင်ကြောက်မိတယ်..

မိုရာမှာ မနေနိုင်တော့ပဲ ရီလိုက်သည်။ သူက လစ်ဆီကို ကြည့်လိုက်ပြီး..

CEO AND THE ACTRESSWhere stories live. Discover now