69

107 9 0
                                        

"ဟုတ်တယ်.. ငယ်ငယ်ကတည်းက ဖေဖေ့ ထိန်းချုပ်မှုအောက်မှာ နေခဲ့ရတာ"

"မင်းဖေဖေ အကြောင်းကိုယ့်ကို ပြောပြလေ.. ကိုယ့်ကို ယုံအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ ကြည့်ကြည့်မယ်.."

လစ်ဆီ လဲ ဘာမှ ပြောစရာ မရှိသည်နှင့်.. ဖေဖေ ဘယ်လို စည်းကမ်းကြီးကြောင်း.. အသေးစိတ်ပြောပြမိတော့သည်.. ဝမ်လီချန်ကလဲ သေချာ နားထောင်ပေးသည်.. ဝမ်လီချန် ကားကို ကမ်းနားလမ်းကနေ တော်ပေါ်မောင်းလာလေသည်.. တောင်ထိပ်ကနေ ရှူခင်းတွေ ကြည့်ရသည်မှာ .. စိတ် အပန်းဖြေသွားသည်.. 

ဝမ်လီချန် က လစ်ဆီ့နောက်ကနေ သိုင်းဖက်လိုက်တော့.,. လစ်ဆီ နဲနဲတော့ တောင့်တင်းသွားသည်... ဝမ်လီချန် ရဲ့ ဝင်လေ ထွက်လေတွေက သူ့ နားအနောက်မှာ.. သူ မျက်နှာ နီလာလေသည်.. 

"မင်းဖေဖေ အကြောင်း ဒီလောက်တောင် ပြောပြနေတာ ဆိုတော့....  ကိုယ်နဲ့ မြန်မြန် လက်ထပ်ချင်တာလား"

လစ်ဆီ့ စိတ်ထဲ ဘယ်လိုမှန်းမသိ.. လစ်ဆီ သူ့ကို မလိမ်ချင်.. 

"ဟင့်အင်း .. လက်မထပ်ချင်ဘူး"

"လက်မထပ်ချင်ဘူး ဆို ဘာလို့ အဲ့လောက်ထိတောင် ပြောပြနေတာလဲ.. ဒါက မင်းလက်ထပ်ချင်ကြောင်း သက်သေပဲလေ"

လစ်ဆီ့မျက်နှာ နီသွားသည်.. ဒီဝမ်လီချန် က ဒီလောက်ထိတောင်.. သိနိုင်တာလား.. သူကလဲ သူပဲ.. ဖေဖေ့ အကြောင်းကြီးကို ဆက်တိုက်ပြောနေလိုက်တာ.. လစ်ဆီ မကျေမနပ်နှင့် မျက်နှာ တခြားဖက်လှည့်ကာ.. 

"ဒါဆိုလဲ ဘာမှ ထပ်မပြောတော့ဘူး"

လီချန် သူ့ကို ဆွဲယူပြီး သူ့ရင်ခွင်ထဲ ပြန်ဖက်ထားလိုက်ကာ.. ဆံပင်ကို နမ်းလိုက်သည်,, 

"ကိုယ့်ကို ချစ်တယ် လို့ ပြောဖို့ကို ဒီလောက်ခက်တာလား"

လစ်ဆီ တမျိုးတော့ ဖြစ်သွားပေမဲ့.. ဝမ်လီချန် ရင်ခွင်ထဲမှာတော့.. ငြိမ်ကျသွားလေသည်..  ပင်လယ်ကြီးရော .. တောင်တန်းကြီးကိုရော ကြည့်နေရသည်မှာ.. တကယ့်ကို အေးချမ်းလှသည်.. ဒီကမ္ဘာမှာ သူတို့ နှစ်ယောက်ထဲပဲ ရှိနေသလိုမျိုး.. 

လစ်ဆီ ဝမ်လီချန် ခါးကို တင်းတင်းဖက်ထားပြီး ခေါင်းမော့ကာ မေးကြည့်လိုက်သည်..

"ရှင့် ကုမ္ပဏီမှာလေ... ကျမထက် ချောတဲ့ တော်တဲ့သူတွေ.. အများကြီး ရှိတာကို .. ကျမကို ဘာလို့ ကြိုက်တာလဲ"

ဝမ်လီချန် မျက်မှောင်ကြုတ်ပြီး ခဏ တွေးလိုက်ကာ.. 

"ကိုယ်လဲ မသိဘူး"

"ဘာကို ပြောချင်တာလဲ"  လစ်ဆီ နားမလည်.. 

"ဘာလို့လဲဆိုတာ ကိုယ်က မင်းနဲ့ ပါတ်သက်သမျှ အကုန်ကြိုက်တာ.. .ဘယ်ဟာကို ကြိုက်လဲ ဆိုတာ ပြောလို့မရဘူး"

လစ်ဆီ့ နှလုံးသား တခုလုံး ချိုမြိန်သွားသလိုပင်..  ဝမ်လီချန် ရင်ခွင်ထဲမှီပြီး.. လှိုင်းခတ်သံ.. သူ့ရင်ခုန်သံကို နားထောင်နေရသည်မှာ.. ဖြစ်နိုင်ရင်.. လစ်ဆီ ဒီမှာ ခဏ ရပ်တန့်ထားလိုက်ချင်သည်.. 

"ဝမ်လီချန် .. ရှင့်ကို ချစ်တယ်"

လစ်ဆီ အသံ တိုးတိုးနှင့် ပြောလိုက်သည်..  ဝမ်လီချန် လစ်ဆီ့ ဝန်ခံသံ ကို ကြားတော့ မပျော်မရွင် ဖြစ်သွားသည်..

"ဘယ်လို အဖြေပေးရမလဲ ဆိုတာတောင် မသိပါလား လစ်ဆီရယ်"

လစ်ဆီ ရီလိုက်သည်.. 

"အင်း.. ကျမက အချစ်နဲ့ ပါတ်သက်ရင်.. ဘာမှ မသိတဲ့သူလေ.. ကျမကို အတယ် လို့ ထင်ရင်လဲ  ကျမကို ဆက်ချစ်ရမှာပဲ"

"ကိုယ်က မင်းကို အရူးအမူးချစ်ပြီးသား.. "

ဒီထက် ရင်ခုန်စရာကောင်းတာ ဘာရှိဦးမလဲ.. 

"ဟုတ်ပြီ.. ဖေဖေ သဘောတူဖို့.. ကျမလဲ ကြိုးစားမယ်"

"ဘာလို့လဲ"

"ဘာလို့လဲ ဆိုတော့ ကျမ ရှင့် အိမ်ကို တအားသဘောကျလို့လေ... ရှင့်အိမ်ကို အပိုင်လိုချင်တာ"

လစ်ဆီ ရီပြီး ပြောလိုက်လေသည်,, 

"အင်း .. မင်း လာပြီး အပိုင်သိမ်းဖို့ စောင့်နေမယ်"

လီချန့် အသံအောအော က လစ်ဆီ့နားထဲစိမ့်ဝင်သွားသည်..လစ်ဆီ တွံတွေးမျိုချလိုက်ပြီး .. သူ့လက်နှစ်ဖက်နှင့် ဝမ်လီချန် လည်ပင်းကို လှမ်းဖက်လိုက်ကာ.. 

"ရှင့်ကို နမ်းချင်တယ်"

ဝမ်လီချန် ရီလိုက်သည်.. သူ့နှုတ်ခမ်းလွှာက လစ်ဆီ့ နှုတ်ခမ်းလွှာဆီသို့...  

ခြောက်နာရီ မထိုးခင်လေးမှာ လစ်ဆီ အိမ်ပြန်ရောက်လာသည်..  


"

CEO AND THE ACTRESSWhere stories live. Discover now