ဝမ်လီချန်ရဲ့ စွဲဆောင်မှုရှိသော အသံက တိတ်ဆိတ်နေသော ကားအတွင်းမှ ထွက်လာလေသည်။ လစ်ဆီမှာလန့်ပြီး ကားပရိတ် စောင့်အုပ်လိုက်မိသည်။ ဘေးကလူကို လည့်ကြည့်ပြီး
"ရှင် .. ဘာပြောလိုက်တာလဲ"
ဝမ်လီချန်မျက်နှာ အမူအရာပြောင်းသွားပြီး .. စိတ်ပူစွာပြောလိုက်သည်?
"ပထမဆုံး ကားကို လမ်းဘေးကပ်ရပ်လိုက်.. ပြီးမှ စကားပြောရအောင်.. အန္တရာယ်များလွန်းတယ်.. "
အန္တရာယ်များတာ လစ်ဆီလဲ သိသားပင်.. ဒါပေမဲ့ သူစကားလုံးတွေက လစ်ဆီကို တကယ်ရှော့ရစေလေသည်။ လစ်ဆီကားကို လမ်းဘေးကပ်ရပ်လိုက်ပြီး မှိတ်တုတ်မှိတ်တုတ်မီးကို ဖွင့်လိုက်သည်။ လက်တဖက်ကို စတီယာရင်ပေါ်တင်ပြီး နောက်တဖက်ကို နောက်ကျောမှီတွင် တင်ကာ ဝမ်လီချန်ဖက်လှည့်ပြီး
"ရှင်.. ခဏက ဘာပြောလိုက်တာ... ?? "
"မင်းကြားလိုက်တာပဲ.. ကိုယ် နောက်တခေါက်ပြောဖို့ လိုလို့လား"
ဝမ်လီချန်က နှုတ်ခမ်းထောင့်လေး ကော့တက်ကာ ပြုံးပြီး ပြန်ပြောလိုက်လေသည်။ လစ်ဆီက စိတ်ရှုပ်သွားပြီး အံကြိတ်ကာ..
"ဟုတ်ပါပြီ.. ကျမ ကြားပါတယ်.. ဒါပေမဲ့ ကြိုပြောထားအုံးမယ်.. ရှင်ကြိုက်တယ် ဆိုတိုင်း ကျမက ပြန်ကြိုက်မယ်လို့တော့ သေချာပြောလို့မရပါဘူးနော်.."
"ဘာလို့လဲ"
ဝမ်လီချန်မျက်နှာပေါ်က အပြုံးများပျောက်ကွယ်သွားသည်။ သူ့ကို ငြင်းဖို့ ဘယ်က သတ္တိတွေ ရလာတာလဲ..
"ဘာလို့လဲ ဘာလို့လဲ ဆိုတော့ ကျမမှာ ကြိုက်နေတဲ့သူ ရှိပြီးသားမို့"
"ကိုယ်က ယှဉ်ပြိုင်ရတာ ကြိုက်တယ်လေ... ကိုယ်လဲ မဆိုးဘူးမို့လား"
"ဒါပေမဲ့ ... "
လစ်ဆီ ဘာဆက်ပြောရမှန်းမသိတော့.. သူတော်တော် ရှော့ရနေပြီ..
"ရှင်.. ရှင် ကျမကိုတကယ် လိုက်မလို့လား.. "
"မင်းကိုယ့်ကို ငြင်းဖို့ အကြောင်းပြချက်ရှာမရဘူး ဆိုရင်.. ကိုယ့်ကို လက်ခံဖို့ ပြင်ထားလိုက်တော့.. မင်းကြိုက်နေတယ် ဆိုတဲ့လူနဲ့ ပြိုင်ပြီး မင်းကိုလိုက်ဖို့ အဆင်သင့်ပဲ"

KAMU SEDANG MEMBACA
CEO AND THE ACTRESS
RomansaLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...