35

115 8 0
                                    

ဝမ်လီချန်ကို ခေါ်ပြီးသည်နှင့် လစ်ဆီ အန်နီ ကိုလဲ ဖုန်းဆက်လိုက်လေသည်။ အန်နီမှာတော်တော်လေး လန့်သွားပြီး လစ်ဆီကို ကားထဲကနေ မထွက်ခိုင်းတော့.. ကူဖို့လူ လွတ်လိုက်မည်တဲ့..

ထိုအချိန် လစ်ဆီက ထွက်ချင်သည် ဆိုလျှင်တောင်.. ထွက်လို့မရ.. လစ်ဆီ မှန်ချပ်ကို ဖွင့်ပြီး နဖူးကို ကြည့်လိုက်သည်. .. အိတ်ထဲမှ တစ်ရှူးစကို ထုတ်လိုက်ပြီး နဖူး က သွေးတွေတန့်သွားအောင် ဒဏ်ရာပေါ်ဖိလိုက်လေသည်. .. သွေးတချို့က မျက်နှာပေါ်ထိ စီးကျလာလေသည်။ ကားနားမှာ လူတွေ ကပ်လာသောကြောင့် လစ်ဆီမှာ အသက်ရှူရပ်တန့်သွားမတတ်.. 

လူစုလူဝေးတွေက ပွဲကြည့်နေသလိုမျိုး ကားနား လျှောက်လာလေသည်။ လစ်ဆီ စိတ်ထဲတော်တော် ကြောက်သွားလေသည်။

ဘယ်သူ့ကို မှ မတိုက်မိဘူး ဆိုလျှင်တောင်မှ ဒီလို မတော်တဆ ဖြစ်မှုဆိုတာ မင်းသမီး တယောက်အနေနှင့် သတင်း ခေါင်းစဉ် ဖြစ်သွားနိုင်သည်။ သူ့ကို အမြင်ကပ်တဲ့သူက သတင်းလုပ်ရင် သူ့နာမည် တော်တော်ပျက်သွားလိမ့်မည်..

ဝမ်လီချန် အမြန်ရောက်လာပြီး သူ့ကို ကားထဲကနေ ကယ်ထုတ် သူ့ကားထဲ ထည့်ပြီး ခေါ်နိုင်လျှင်တော့.. သူ ပုံ ရိုက်မရိုက်ခံရ။ မြန်မြန်လာပါတော့ လီချန်ရယ်..  ထိုအချိန် ရဲနှစ်ယောက် အနားပြေးလာလေသည်.. ထိုရဲတွေက ဖုန်းထုတ်ပြီး..မီးသတ်သမားဖုန်းဆက်ခေါ်လိုက်လေသည်။

ခနနေတော့ မီးသတ်သမားတွေရောက်လာပြီး ကားဆွဲထုတ်လိုက်သည်။ ကားထဲကနေ လစ်ဆီ ထွက်လာတော့ မျက်နှာပြောင်လေးဆိုပေမဲ့ တော်တော်လေး ဆွဲဆောင်မှုကတော့ ရှိနေဆဲပင်.. သူ့အိတ်လေးနှင့် မျက်နှာကို ကွယ်လိုက်ပေမဲ့ သူ့ကို ကောင်မလေးတွေက မှတ်မိပြီး စိတ်လှုပ်ရှားစွာခေါ်လိုက်လေသည်။

"အိုး.. ဘုရားရေ.. လစ်ဆီပဲ"

ရုတ်တရက်ကြီး လူတွေက အုံလာလေသည်။လစ်ဆီ ပိုပြီးခေါင်းမူးလာသည်။ လူတွေက ပိုပိုများလာသောကြောင့် ထိုအချိန်မှ လစ်ဆီက မင်းသမီးဖြစ်မှန်း မီးသတ်သမားတွေ သတိပြုမိသွားသည်။ လစ်ဆီ့ကို ကာကွယ်ပေးထားချင်ပေမဲ့.. လူအားဒီလောက်များလိမ့်မည်လို့ မထင်ခဲ့..

CEO AND THE ACTRESSWhere stories live. Discover now