41

139 7 0
                                    


"မင်း တဘဝလုံး မလိုချင်ဘူး ဆိုတာ ဖြစ်နိုင်ပါ့မလား.. အခုတောင် .. အသက် နှစ်ဆယ့်လေးနှစ်ရှိပြီ.. ဒါက ဘဝ ရဲ့ ပျော်စရာတွေ ခံစားရမဲ့ အရွယ် မဟုတ်ဘူးလား"

လစ်ဆီ ဝမ်လီချန် ကို ကျောခိုင်းလိုက်သည်.. သူ သူ့ရဲ့.. တောက်လောင်နေတဲ့ မျက်ဝန်းတွေကို ရင်မဆိုင်ရဲ.. လစ်ဆီ သေသေချာချာ နောက်တခါ ခေါင်းခါလိုက်ပြီး

"ကျမ မလိုချင်ပါဘူး"

လစ်ဆီ ကိုယ်က ယိုင်သွားပြီး

" တခွက်လေးပဲ သောက်တာကို အဲ့လောက်တောင် မူးတာလား.. အရက်ပါဝင်မှုနှုန်း များလိုက်တာ.. "

လီချန်က ဝိုင် နှင့် ပတ်သက်လာလျှင်.. ကျွမ်းကျင်သော သူ တယောက်လို့ပြောလို့ရသည်.. အနံ့ ကို ရလိုက်သည်နှင့် လစ်ဆီ ဖောက်သောက်လိုက်သော ဝိုင် အမျိုးအစားကို ချက်ချင်း သိလိုက်ပြီး အရက်ပါဝင်မှုနှုန်း ဆယ့်ရှစ် ရှိသောအချိုဆုံး ဝိုင်ဖြစ်မှန်း သိလိုက်သည်..

" ကိုယ့် ကို ပဲ အပြစ်တင်လိုက်တော့ ဒီလောက် သောက်လိုက်တာ.."

လစ်ဆီက လီချန်ကိုတွန်းလိုက်ပြီး

"ကျမ တော်တော်မူးနေပြီ.. သွားအိပ်တော့မယ်.."

ပြောပြီးသည်နှင့် အိပ်ရာ သို့ သွားကာ အိပ်ရာပေါ် မောက်ချလိုက်လေသည်. .. လစ်ဆီ ကို ကြည့်ပြီး လီချန် စိတ်ရှူပ်သွားသည်.. ဒီလို အမူးသမားကို တယောက်တည်း ထားပြစ်လို့ မရ.. တခုခု လိုချင်လို့ ထလိုက်သည်နှင့် တခုခု နှင့် တိုက်မိနိုင်သည်။

လီချန် က ရေချိုးပြီး အဝတ်အစားလဲပြီးသောကြောင့် ဒီညတော့ ဒီမှာပဲ အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။ လွန်ခဲ့တဲ့ သုံးလေးရက်အတွင်း.. သူ လက်ဆီကို ဘာမှ မလုပ်ခဲ့.. အခုတော့ တကုတင်ထဲ အိပ်ဖို့ ထိုအမျိုးသမီးက တွန်းအားပေးနေသည်.

လီချန် လစ်ဆီ ကိုယ်ကို တဖက်ဆီသို့ တွန်းလိုက်သည်။ လစ်ဆီ လူးလိမ့်သွားပြီး မျက်လုံး ပွင့်လာသည်။ သူ့ဘေးမှာ လီချန် အိပ်နေတာကို တွေ့ပြီး အမူးသမား မျက်လုံးဖြင့်ကြည့်ကာ

"ရှင် ဘာလို့ ကျမ ကုတင်ပေါ် အိပ်နေတာလဲ.."

"မင်း အိပ်ရာလား.. ကိုယ့်အိပ်ရာလား"

CEO AND THE ACTRESSWhere stories live. Discover now