ဝမ်လီချန် ရေသောက်ပြီးသည်နှင့် အခန်းထဲ ပြန်ဝင်သွားမှ လစ်ဆီ အသက်ရှူချောင်သွားသည်။ ဇတ်လမ်းလဲ ထပ်မကြည့်ချင်တော့သောကြောင့်လစ်ဆီ ရေချိုးပြီး အိပ်လိုက်တော့မည်..
လစ်ဆီ ညအိပ်ဝတ်ယူပြီး အခန်းပြင်မှာ ရှိနေသော ရေချိုးခန်းသွားလိုက်သည်.. အိပ်ခန်းထဲမှာ ရှိသော ရေချိုးခန်း မဟုတ်သောကြောင့် လစ်ဆီ မှာ ချိုးရင်း နားစွင့် နေရသည်.. ထွက်လာရင် လူတွေ့မှာ ကြောက်တာကိုး..
ရေချိုးပြီး အဝတ်လဲသည့်အချိန်မှာ မထင်မှတ်ပဲ အဝတ်တွေ လက်ထဲက ကျပြီး ရေစိုသွားလေတော့သည်.. လစ်ဆီ မြန်မြန်ဆန်ဆန်ကောက်လိုက်ပေမဲ့.. ကြမ်းပြင်ကရေတွေ နှင့် ဆိုတော့ ချက်ချင်း စိုသွားလေသည်.. ကံဆိုး လိုက်တာ လစ်ဆီ ရယ်..
အိမ်မှာ တယောက်တည်း ဆို ပြသနာမရှိပေမဲ့ ခုတော့ ယောကျာ် တယောက်ရှိနေသည်လေ.. အခန်းထဲ အဝတ်မဝတ်ပဲ ဝင်သွားဖို့ ကျတော့.. အမလေး ရှက်ဖို့ ကောင်းလိုက်တာ..
နောက်ဆုံးတော့ လစ်ဆီ မှာ ရွေးချယ် စရာ မရှိတော့.. ရှိနေသည့် တဘက်ကိုယူပြီး ပတ်လိုက်သည်.. ပြီးနောက်.. တံခါးကို ဖွင့်ပြီး ချောင်းကြည့်လိုက်သည်.. ဝမ်လီချန် ကို မမြင်ဘူးဆိုမှ အခန်းထဲကနေ မြန်မြန်ထွက်လာပြီး ပိတ်လိုက်သည်.. ရေချိုးခန်းထဲမှာ သူ့အတွင်းခံတွေလဲ ရှိနေတော့ ဝမ်လီချန်ကို မမြင်စေချင်..
ထိုအခိုက်မှာပဲ အိပ်ခန်းတခါးက ပွင့်လာပြီး ဝမ်လီချန် က ထွက်လာလေသည်။ လစ်ဆီမှာ လန့်လွန်းလို့ မျက်လုံးတောင်ပြူးသွားသည်.. လစ်ဆီမှာ တခါးပိတ်သည့်အချိန် သေချာမကြည့်သောကြောင့် တဘက်စက တံခါးမှာ ညှပ်နေမှန်းမသိလိုက်.. ဝမ်လီချန် ထွက်လာသည်ကို တွေ့သည့်အချိန် ခပ်လောလော အိပ်ခန်းနောက်တခုကို ဝင်ဖို့ လုပ်လိုက်သောကြောင့်.. တဘက်ကို ဆွဲလိုက်သလိုဖြစ်ပြီး လစ်ဆီ မှာ တဘက်လဲကျွတ်ပြီး လဲကျသွားတော့သည်။
သွားပြီ... လစ်ဆီမှာ အတွင်းခံ အနက်လေးကလွဲပြီး ဘာမှ မရှိတော့..
"အ"
လစ်ဆီ လက်မောင်းနှင့် ရင်ပတ်ကို ဖက်ထားလိုက်သည်..

KAMU SEDANG MEMBACA
CEO AND THE ACTRESS
RomansaLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...