28

163 10 0
                                        

လစ်ဆီ တံတွေးသီးမတတ်ဖြစ်သွားသည်။ ဟုတ်ပါပြီ.. ဒီအချိန်ကြီး ဒီမှာ အိပ်တာပဲ ကောင်းပါတယ်..

"ရှင် ဒုက္ခ များသွားပြီထင်တယ်"

"ဒုက္ခများပြီးသား ဆိုတော့ ပိုသွားလဲ ဘာမှ မဆန်းတော့ဘူး"

ပြောပြီးသည်နှင့် ရှင်းလဲ့ဟန် က ဘေးမှာ ထိုင်လိုက်လေသည်။

လစ်ဆီမှာ ဘာပြောရမှန်းမသိတော့.. ဒီလူလျှာမှာ အဆိပ်ပြင်းပြင်းရှိတာပဲ.. စကားတခွန်းနဲ့တင်ကို ဘာမှ ပြန်မပြောနိုင်တော့.. လစ်ဆီ ဗိုက်အောင့်သက်သာလာပြီးနောက် အိပ်ငိုက်လာသည်။ တစက်တစက်ကျလာသော ဆေးရည်ကို ခဏကြည့်ပြီး မခံနိုင်တော့ပဲ မျက်လုံးပိတ်ပြီး အိပ်ပျော်သွားလေသည်။

ဘေးနားက အမျိုးသမီး လှုပ်ရှားမှုမရှိတော့.. လီချန် ဘေးကို ငဲ့ကြည့်လိုက်တော့ အိပ်ပျော်နေသည့် လစ်ဆီကို တွေ့လိုက်သည်။ လစ်ဆီခေါင်းလှုပ်သွားပြီး ကလေးတွေကို နှုတ်ခမ်းက လှုပ်နေသေးသည်။ သူနာပြုတွေ ဝင်လာသံကို ကြားလိုက်တော့ လီချန် လစ်ဆီ ခေါင်းကို ယူပြီး သူ့ပုခုံးမှာ မှီခိုင်းလိုက်သည်။

နာရီဝက်လောက်ကြာတော့ ပုလင်းကြီး သွင်းပြီးသွားပြီ.. သူနာပြုတွေ အပ်ဖြုတ်ပေးသည့်အချိန်မှာတောင် လစ်ဆီ မနိုးတော့..  သူ့ဆံပင်ရှည်တွေက မျက်နှာကို တဝက်တပျက်ဖုံးနေလေသည်။

ခနတုန်းကတော့ ဒီလူက လစ်ဆီ ချစ်သူ ဟုတ်မဟုတ်မသေချာပေမဲ့ အခုတော့ လစ်ဆီကို ‌ပွေ့ယူပြီး လစ်ဆီ့အိတ်တွေ ‌ဆေးတွေ ယူပေးသည့်ပုံကို ကြည့်ပြီး သေချာပေါက် လစ်ဆီ ချစ်သူ ဆိုပြီး သတ်မှတ်လိုက်သည်။

အိုး .. ချစ်တတ်လိုက်တာ..

လီချန် လစ်ဆီကို ကားထဲ ပွေ့ထည့်လိုက်ပေမဲ့ လစ်ဆီ က နဲနဲမှာ နိုးမလာ ကြည့်ရသည်မှာ ဆေးထဲမှာ အိပ်စေတဲ့ ဆေးပါသည် ထင်ပါရဲ့..

အစကတော့ လစ်ဆီကို အိမ်ပြန်ပို့ဖို့ အစီအစဉ် ဆွဲလိုက်ပေမဲ့ .. သော့ဘယ်မှာ ရှိမှန်းသူလဲမသိ.. ကြည့်ရတာ သူ့အိမ်ကို ခေါ်သွားရင် ပိုကောင်းမည် ထင်ပါရဲ့.. လီချန် ကားကို သူ့ ဗွီလာ ဆီသို့ ဦးတည်လိုက်လေသည်။

CEO AND THE ACTRESSDonde viven las historias. Descúbrelo ahora