မျက်နှာအိုအိုနှင့် ဝမ်လီချန်.. ပါးစပ်ပိတ်နေသော သူနာပြုထံသွားပြီး မေးလိုက်သည်..
"လစ်ဆီက ဘယ် အခန်းမှာလဲ"
ပရိသတ်တွေ ဘယ်လိုလာမေးမေး ပါးစပ်ပိတ်နေသော သူနာပြုက ဒီလူရဲ့ အရှိန်အဝါ ကို မခံနိုင်သည့်အလား.. ပါးစပ်ကနေ လွတ်ခနဲ့ ပြောထွက်သွားလေသည်,,
"အခန်း 406 မှာပါ"
ပရိသတ်တွေ ကြားလိုက်ပေမဲ့.. ဘယ်သူမှ မလှုပ်ရဲ.. ဝမ်လီချန် တက်သွားပြီး .. သက်တော်စောင့်တွေက စောင့်နေသောကြောင့် သူတို့တွေ လိုက်မသွားရဲပေ..
လစ်ဆီ့ ဗွီဒီယိုဖိုင်တွေ အင်တာနက်ပေါ်ပျံ့နှံ့သွားပေမဲ့.. ချက်ချင်း ဖယ်ရှားခံလိုက်ရသည်.. လစ်ဆီ့နှင့် ပတ်သက်သော ဗွီဒီယို ဖိုင်တွေ ရှဲလို့လဲ မရတော့ပေ..
လစ်ဆီ သတိလည်လာပေမဲ့.. ခုထိ လန့်နေဆဲပင်... ဆံပင်တွေ မသပ်မရပ်နှင့် မျက်နှာဘေးမှာ ရှိနေသောကြောင့် လစ်ဆီ့ ပုံမှာ သနားစရာ ပေါက်နေလေသည်..
"ဘာမှ မဖြစ်တော့ဘူး သမီးရဲ့.. ဆရာဝန်ပြောတာ ဒဏ်ရာက သေးသေးလေးတဲ့"
စုမေမေ ကတော့ ဘေးမှာနေပြီး ချော့လိုက်ပေမဲ့.. စုဖေဖေ က ဘာပြောရမှန်းမသိ.. လစ်ဆီ ဖေဖေ ကို မော့ကြည့်လိုက်ပြီး
"ဖေဖေ .. သမီး ဘာမှ မဖြစ်တော့ပါဘူး"
ထိုအခိုက်.. သူတို့ အခန်းတံခါး ဖွင့်သွားတော့..လစ်ဆီ လန့်သွားသည်.. ပရိသတ်တွေ ဝင်လာတာလား... သို့ပေမဲ့.. သူနှင့် ရင်းနှီးနေသော ပုံရိပ်ဝင်လာသောကြောင့် .. လစ်ဆီ လုံခြုံသလို ခံစားလိုက်ရသည်..
ဝမ်လီချန် အိပ်ရာပေါ်မှာ လဲနေသော အမျိုးသမီးလေးကို ကြည့်ရင်း.. ဗွီဒီယိုထဲက အဖြစ်အပျက်ကို ပြန်မြင်ယောင်လာသည်.. သူ့စိတ်ထဲ နာကျင်သွားပြီး .. လစ်ဆီ ဘာမှ မဖြစ်တော့တာကို.. ချက်ချင်း .. သေချာချင်လေသည်..
စုမေမေ က လစ်ဆီ့အတွက် ရေသွားယူနေသောကြောင့် လောလောဆယ် လစ်ဆီ့ကုတင်ဘေး ဘယ်သူမှ ရှိမနေ.. ဝမ်လီချန် က သူ့ဘေးမှာ ရပ်လိုက်ပြီး..
"လစ်ဆီ.. အဆင်ပြေရဲ့လား"
ပြောပြီးသည်နှင့်.. ကုတင်ပေါ်ထိုင်လိုက်ပြီး လစ်ဆီ့ကို ဆွဲပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်.. ပြီးမှ ပြန်ခွါက လစ်ဆီ့တကိုယ်လုံး ဒဏ်ရာ ရှိမရှိ ကြည့်လိုက်ပြီး... ရင်ခွင်ထဲ ပြန်ထဲ့ထားလိုက်သည်.. လစ်ဆီ့ ကိုယ်တခုလုံး သူ့ရင်ခွင်ထဲမှာ.. ခဏနေတော့ လစ်ဆီ တခုခု ကို သတိရသွားပြီး .. မျက်နှာနီရဲသွားကာ..

KAMU SEDANG MEMBACA
CEO AND THE ACTRESS
RomansaLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...