10

178 11 2
                                        

လစ်ဆီ စတူဒီယို ထဲမှာ ထိုင်နေရင်း ဒီနေ့ထွက်သည့် ကောလဟာလ ကို စဉ်းစားနေသည်။ လစ်ဆီ သတင်းကို နောက်တခါ ပြန်ကြည့်လိုက်သည်၊ သို့ပေမဲ့ သတင်းက မတွေ့တော့.. လစ်ဆီ သူ့နာမည်ကို ရိုက်ပြီး ရှာလိုက်သည်။ သူ့ဇတ်လမ်း ပရိုမိုးရှင်း ကို သာတွေ့တော့သည်။ ဝမ်လီချန် နှင့် ကောလဟာလ က လုံးဝ မတွေ့တော့. 

လစ်ဆီ ခဏတာမျှ အံ့အော သွားသည်။ မျက်တောင်တဖြတ်ဖြတ်ခတ်လိုက်ရင်း ... လီချန်က သတင်းဖျက်လိုက်တာ ဖြစ်နိုင်လေသည်။ ဟုတ်သားပဲလေ.. သူ့လိုလူမျိုးက လစ်ဆီလို အနုပညာသည်နဲ့ သတင်း ဘယ်ထွက်ချင်ပါ့မလဲ..

"လစ်ဆီ.. မနက်တုန်းက ကောလဟာလတွေ ဖျက်သွားပြီ.. ဘယ်သူ ဖျက်လိုက်ပါလိမ့်.. "

လစ်ဆီ လက်ထောက် မရီရာ က အခန်းထဲဝင်လာပြီး ပြောလိုက်သည်။ လစ်ဆီ နှုတ်ခမ်းလေး ကော့လိုက်ပြီး 

"အဲ့လူကလွဲပြီး ဘယ်သူဖြစ်နိုင်ပါ့မလဲ"

" လစ်ဆီ ပြောချင်တာက ဒီလူချောက ဖျက်လိုက်တာပေါ့"

မရီရာ လစ်ဆီ အတွက် စိတ်မကောင်းဖြစ်သွားသည်။ ဒီလူချောက ဘာလို့ ဒီသတင်းကို ဖျက်ပြစ်လိုက်ရတာလဲ.. 

လစ်ဆီ စိတ်ထဲမှာတော့ အဖြေသိနေပြီ.. လစ်ဆီက နာမည်ကြီး မင်းသမီး ဆိုပေမဲ့ .. ချမ်းသာတဲ့သူတွေ မျက်စိထဲမှာတော့ သူက သာမာန်သရုပ်ဆောင်မျှသာ.. 

လစ်ဆီ ကိုယ့်ကို လဲ ရီချင်သွားသည်။ ဒီလူကို ထမင်း ဆယ်နပ် ထပ်ကျွေးဖို့ ပြောထာသော်လည်း.. တကယ် လိုမည့်ပုံမပေါ်.. အင်းလေ.. သူ့ကို ထပ်ကျွေးစရာလဲ မလိုဘူးပေါ့လေ.. ဒီလူက လစ်ဆီကို အထင်သေးပေမဲ့ လစ်ဆီ ဂရုမစိုက်.. 

လစ်ဆီဒေါသတွေ ပြယ်သွားပြီးနောက်.. ရုတ်တရက် ကိုယ့်ကို  အံ့အောသွားသည်.. သတင်းဖျက်ခံရတာနဲ့ ဘာလို့ ဒေါသထွက်ရတာတဲ့လဲ.. သူ ဖျက်ချင်လဲ ဖျက်ပါစေပေါ့.. .

ဒီနေ့တော့ လစ်ဆီ အိမ်ပြန်ရမည်.. သူ့မမ ကလဲ အိမ်ပြန်ရောက်မည်ဆိုတော့ မမနဲ့ တွေ့ရအုံးမည်. .. 

စု အိမ်တွင်... 

ထမင်းဟင်းတွေ ချက်ပြုတ်ပြီး ခင်းကျင်းထားပေမဲ့ ထမင်းမစားကြသေး.. လစ်ဆီ ကလဲ ဆိုဖာပေါ် ငြိမ်ငြိမ်လေး ထိုင်နေရသည်။ အဖေ့ကို ကြောက်ရသောကြောင့် ဖုန်းကိုလဲ မဆော့ရဲပေ.. 

CEO AND THE ACTRESSWhere stories live. Discover now