5

196 9 5
                                        

လီချန် အိပ်ခန်းကနေကြည့်လျှင် ရှူခင်းတော်တော်လှလေသည်။ မြို့ရဲ့မီးအလင်းတန်းတွေနှင့် မြင်ကွင်းက ကြည့်လို့ တော်တော် ကောင်းလေသည်။ မီးဆိုင်းကနေ ထွက်နေသော အလင်းရောင်များက အိုင်ပက်ကိုင်ကာ ကြည့်နေသော လီချန်ပေါ်သို့ ဖြာကျနေသည်။ ကုမ္ပဏီ လတ်တလော အစီရင်ခံစာတွေ.. လှုပ်ရှားမှုတွေ .. အစီအစဉ်တွေ သေချာကြည့်နေသည်။ 

sky entertainment ရဲ့  CEO အနေဖြင့် လီချန် သူ့အောက်က လူ ဆယ်ယောက်လောက်သာ ဆက်သွယ်လေ့ရှိသည်။ သူ့ကိုယ်ပိုင်ဘဝ နှောက်ယှက်ခံရမှာစိုးသောကြောင့် သူ လူ သိပ်သိမခံပေ.. SKY GROUP .. တည်ထောင်သူ အဖြစ်ကော အဓိက ရှယ်ယာရှင် အနေဖြင့်ကော ဘယ်သူမှ သူ့ကို မသိကြပေ..  SKY GROUP မှာ သူနာမည်တု သာ သုံးလေ့ရှိသည်။ သူ့ကို အားလုံးက ဘိုင်ယွန် နာမည် ဖြင့်သာ သိကြသည်။ ပုံမှန်အားဖြင့် အရေးကြီး မီတင်တွေကိုတောင် တက်လေ့မရှိပေ။ 

အစီအစဉ်တွေကြည့်ပြီးသည်နှင့် အိုင်ပက် ကို ချလိုက်ခါနီး လစ်ဆီ နှုတ်ခမ်းနီကြေငြာကို သတိရသွားသည်။ သူ နောက်တခေါက် ထပ်ကြည့်ချင်သွားသည်။ တိတ်ဆိတ်တဲ့ ညမို့လို့ သူ သတိထားပြီး လုပ်စရာမလိုတာလဲ ဖြစ်မည်ထင်သည်.. သူက သက်တောင့်သက်သာ နှင့် သူ စိတ်ထဲ ရှိသည့်အတိုင်း လုပ်နိုင်သည်လေ.. 

လစ်ဆီ လို့ ရိုက်ထဲ့လိုက်သည်နှင့် လစ်ဆီ နှင့် ပတ်သက်သော အချက်အလက်များ အများအပြားတက်လာသည်။ လူကြည့်အများဆုံးသတင်းကတော့ မင်းသားတယောက်နှင့် ထွက်နေသော ကောလဟာလ သတင်း ပင်။ လီချန်က မျက်မှောင်ကြုတ်လိုက်ပြီး သတင်းကို ပိတ်လိုက်သည်။ ဒါက တမင် လွင့်သော သတင်းမှန်း သူလဲ သိသားပင်.. 

လစ်ဆီ နာမည်ဘေးမှာ ကြေငြာ လို့ ထပ်ရိုက်လိုက်တော့ ဗီဒီယိုတွေ တက်လာသည်။ ပထမ ဆုံး တက်လာတဲ့ ကြေငြာက သူကြည့်ခဲ့သော နှုတ်ခမ်းနီ ကြေငြာ... 

လီချန် ရေမွေးကြေငြာကို အရင်ကြည့်လိုက်သည်။ သီချင်းသံတွေကြားမှာ... လစ်ဆီက အဖြူရောင်ဝတ်စုံလေး ဝတ်ထားပြီး ရုပ်ရည်ချောမောသော အမျိုးသား မော်ဒယ် နှင့် ထွက်လာသည်။ သူ့အကြည့်တွေက စွဲဆောင်မှုတွေ ပြည့်နေသည်။ 

CEO AND THE ACTRESSDonde viven las historias. Descúbrelo ahora