15

164 12 0
                                        

လစ်ဆီ ဖုန်းယူပြီး ဖွင့်လိုက်သည်နှင့် အန်နီ ပို့ထားသည့် စာ ကို တွေ့လိုက်သည်။ 

"လစ်ဆီ ခဏက လဲကျတဲ့ပုံတွေကတော့ ပြည်တွင်းမှာ ပျံ့နေပြီ... မင်းပုံတွေကလဲ တော်တော်လေး ဆိုးရွားနေတယ်.. မင်းကို တွန်းချလိုက်တဲ့သူက ရှယ်လီ လူ ဖြစ်လောက်တယ်.. ဘယ်လို ပြန်ပြီး မျက်နှာဆယ်ရမလဲ တွေးကြည့်ဦး.."

လစ်ဆီကလဲ သူ့သတင်းကို အမြန် ရှာကြည့်လိုက်သည်။ သေချာတာပေါ့ သူလဲကျသည့်ပုံ‌တွေ အင်တာနက်မှာ ပွထ နေပြီ.. ထို့ပြင် သူ့ပုံတွေကလဲ တကယ့်ကို ကိုးယိုးကားယား... တင်ထားသည့် ခေါင်းစဉ်ကဲ

နာမည်ကြီးမင်းသမီးတယောက်ကော်ဇောနီမှာလဲကျ.. နိုင်ငံတကာမီဒီယာရှေ့မှာ အရှက်တကွဲဖြစ်.. 

လစ်ဆီ နှလုံးသား တင်းကြပ်သွားသည်။ ရှယ်လီ လွန်လွန်းသည်။ သူ့ဖုန်းနှင့် ရိုက်ထားတာတွေ တခါတည်းတင်လိုက်ကာ တင်ထားသည့်စာမှာ..

တော်တော်နာကျင်သွားတဲ့ လစ်ဆီ.. လူအများကြီးရှေ့မှာ တကယ်လဲကျသွားတယ်.. ပြီးတော့ ပြောကြတာတော့ သူ့မှာ ဖိတ်စာလဲ မရဘူးတဲ့.. ကိုယ့်ဘာသာကို ရှိုးသွားကြည့်ရတယ်.. သနားစရာကောင်းလိုက်တာ.. "

လစ်ဆီ ပုံလေးမှာ တော်တော်လေး စိတ်ကုန်စရာ.. လစ်ဆီ လှတယ် ဆိုပေမဲ့ ဒီလိုလဲကျသည့် အချိန်မှာ ဘယ်လိုပဲလှလှ သူ ဘယ်လိုလုပ်ပြီး ကျက်သရေ ရှိနေမှာလဲ.. 

အောက်မှာတော့ ရှယ်လီ ပရိသတ်တွေက သူ့ကို ငေါ့တော့တော့နှင့် နတ်သမီးလေးလို လှသည့်အကြောင်း ကွန်မန့်ပေးထားလေသေးသည်။ 

လစ်ဆီ နှုတ်ခမ်းကို ကိုက်လိုက်ပြီး စတိတ်စင်ပေါ်က မော်ဒယ်နှင့် အတူ သူ့ကိုယ်သူ  LIVE လွင့်ပြီး သူ့ WEIBO မှာ တင်လိုက်လေသည်။

"ဒီနေ့ ရှိုးပွဲကတော့ တကယ့်ကို စိတ်လှုပ်ရှားစရာပဲ.. ဂရုစိုက်မှုတွေ အတွက် ကျေးဇူးပါပဲရှင်.. အားလုံး အဆင်ပြေပါတယ်"

ဒီပိုစ့်ကတော့ ရှယ်လီ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်.. လစ်ဆီ ကို ဖိတ်ခေါ်မခံရဘူးလို့ သူပြောထားပြီး.. လစ်ဆီကတော့ ရှိုးပွဲကို ကြည့်နေပြီ.. 

CEO AND THE ACTRESSOù les histoires vivent. Découvrez maintenant