66

112 12 1
                                        

လစ်ဆီတော့ အိမ်မှာ အကျယ်ချုပ်ခံထားရပြီ.. ဘယ်မှ မသွားရ.. ဘာအလုပ်မှ မလုပ်ရ.. အားနေလေတော့.. စိတ်တွေက ပိုလို့ လွင့်နေသည်.. ဒီလိုထိန်းချုပ်ခံရတာ မကြိုက်ပေမဲ့.. သူ ခေါင်းမာမာနဲ့ထွက်သွားပြန်ရင်လဲ.. အဖေ နှင့် သမီး ဆက်ဆံရေးက ဒီထက်ကွဲပြဲဖို့၌ပဲ ရှိတော့သည်.. 

လစ်ဆီ့အမ လဲ အိမ်ပြန်ရောက်နေပြီ.. လစ်ဆီနှင့် ယှဉ်လျှင်.. အမ က ပိုပြီး စည်းကမ်းကြီးသည်.. တကယ့်သက်ရှိ စက်ရုပ်လိုပင်.. အရာရာတိုင်းမှာ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်လေသည်.. နိုင်ငံခြားရေးရာ ပေါ်လစီ တွေက ခက်နေပြီကို .. ဘာသာ စကားကလဲ ခြောက်မျိုးတတ်လေသည်.. သူ့စိတ်ထဲမှာ သူ့အလုပ်ကသာ အရာရာ ဆိုသောလူမျိုး.. 

"မမ ဒီလောက် နေ့တိုင်းပင်ပန်းတာ တကယ်ရော မမပျော်ရဲ့လား"

"ပုံမှန်ဖြစ်နေပြီလေ.. မပင်ပန်းပါဘူး.. လူတွေ ဆိုတာ ကိုယ်လိုချင်တာကို ကျားကုတ်ကျားခဲ ကြိုးစားရတာမလား.. ခု မမ လိုချင်တဲ့ ဘဝ ရနေပြီလေ"

"သမီး လဲ သမီး လိုချင်တဲ့ ဘဝ ရတာပဲ.. ဒါပေမဲ့.. ဖေဖေ အဲ့လောက် ခေါင်းမမာရင် သမီးလဲ ပျော်ရမှာ"

လစ်ဆီ သက်ပြင်းချလိုက်သည်..  

"မေမေ နဲ့ ဖေဖေ က အဲ့လူ အကြောင်းပြောနေကြတာ.. တကယ်ရော ညီမလေး သူ့ကို ချစ်တာလား"

လစ်ဆီခဏတိတ်သွားပြီး သူ့ခေါင်းကို သာသာယာယာ ငြိမ့်လိုက်လေသည်.. 

"သူက လူကောင်းတယောက်ပါ"

"ဖေဖေ နဲ့ မေမေ က အမြဲတင်းကြပ်နေတာပဲလေ.. သူတို့က ညီမလေး ဒီအလုပ်လုပ်တာတောင် မကြိုက်တာကို .. ခုတော့သူက အနုပညာလောကရဲ့ သူဌေး ဆိုတော့ ပိုဆိုးပေါ့"

ဒီနှစ်ရက်အတွင်း .. လစ်ဆီ ဝမ်လီချန် ဆီက ဖုန်းဆက်တိုင်း.. အိမ်မှာ လုပ်စရာ ရှိလို မလာနိုင်သေးကြောင်းသာ ပြောနိုင်လေသည်.. 

"မမ .. မမ ကော တယောက်ယောက်ကို ချစ်ဖူးလား"

နာကျင်မှုတွေ စုချင်း မျက်လုံးထဲ ခဏမျှ ပေါ်လာပြီးနောက်.. 

"ချစ်ခဲ့ ဖူး တာပေါ့.. ဒါပေမဲ့ ခုတော ဒီအကြောင်း မတွေးတော့ဘူး"

CEO AND THE ACTRESSWhere stories live. Discover now