လစ်ဆီနေ့လည်စာ စားပြီးသည်နှင့် မရီရာကို ခေါ်ပြီး အနားမှာ ရှိသော ဆိုင်တွေပတ်ကြည့်ကြသည်။ မရီရာတော့ စိတ်ဝင်စား စွာ ပစ္စည်းတွေကို ကြည့်နေပေမဲ့ လစ်ဆီကတော့ စိတ်နဲ့ကိုယ်နဲ့မကပ်..
ဆူညံနေသော လမ်းတွင်.. သူ့အိတ်ထဲမှာ တဖျတ်ဖျတ်လင်းလာသည်။ လစ်ဆီ ဖုန်းမည်နေတာ သူလဲမသိ.. ဘေးနားဝန်းကျင်ကလဲ သီချင်းသံတွေနှင့် ဆူနေတာလဲပါလေသည်။ ဖုန်း သုံးခါ ဆက်တိုက် ဝင်နေတာကို သူမသိ..
ဆွေးနွေးခန်းထဲမှာ အန်နီနှင့် ဒါရိုက်တာ ဆွေးနွေးနေကြလေသည်. ထိုအချိန် အခန်းတခါးပွင့်သွားပြီး ရုပ်ရည်ချောမောသော အမျိုးသား တယောက်ဝင်လာလေသည်။ အန်နီမော့ကြည့်လိုက်တော့.. ဂျီယူဟောင်..
သူဘာလို့ ဒီကို ရောက်နေတာလဲ..
"အန်နီ.. လစ်ဆီ ထည့်ဖို့ကို တော့ ပြန်စဉ်းစားလိုက်ဦးမယ်.. ဒီကိစ္စက ငါတယောက်တည်း ဆုံးဖြတ်လို့ ရတဲ့ ကိစ္စမဟုတ်ဘူးလေ"
"ဒါရိုက်တာ ကျမတို့ လစ်ဆီ က နာမည်တက်နေတဲ့ မင်းသမီးပါ.. ပြီးတော့သူ့မှာ ပရိသတ်တွေလဲ အများကြီးရှိတယ်.. ဒီရှိုးမှာ ပါဝင်ဖို့ သေချာပေါက် .. အရည်အချင်းရှိတဲ့ မင်းသမီးပါ။
ဂျီယူဟောင်က ဘေးမှာထိုင်ချလိုက်ပြီး သူ့နှုတ်ခမ်းထောင့်ကော့တက်သွားကာ..
"လစ်ဆီ ဟုတ်လား.. သူ့နာမည်ကို ကျွန်တော်ကြားဖူးတယ်.. သူ့ကြေငြာတွေလဲ တွေ့ဖူးတယ်လေ.. သူက အလားအလာရှိတဲ့ မင်းသမီးပဲ"
"ဘာလဲ.. မင်းသဘောကျတာလား"
ဒါရိုက်တာက ဂျီယူဟောင်ကို မေးလိုက်လေသည်။ သူက ခဏစဉ်းစားလိုက်ပြီး
"ကျနော် နဲ့ သူနဲ့ အတွဲလုပ်လိုက်မယ်လေ"
"ယူဟောင် တကယ်ပြောတာလား.. မင်း မလိမ်ဘူးနော်"
ယူဟောင်က ဒါရိုက်တာနှင့် ကျောင်းတူညီလေး .. ယူဟောင် ရှိုးပွဲမှာပါဝင်ဖို့သူအမြဲတမ်းခေါ်ခဲ့သော်လည်း ငြင်းနေခဲ့တဲ့သူ..
"ကျတော် သဘောတူတယ် ဆိုရင်တောင်မှ.. ကျတော် ရွေးဖို့တော့ အခွင့်အရေးရှိတယ်မလား"

ESTÁS LEYENDO
CEO AND THE ACTRESS
RomanceLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...