62

100 8 0
                                        

ကားပေါ်ကနေဆင်းပြီး ဝမ်လီချန် လစ်ဆီ အခန်းရှိရာ အထပ်သို့ မော့ကြည့်လိုက်သည်.. ပြီးနောက် ဓါတ်လှေကား ဆီ တန်းသွားလိုက်သည်.. 

လစ်ဆီ ကတော့ တော်တော်လေး စိတ်ဓါတ်ကျနေလေသည်.. တညနေလုံး ဘာမှ မစား.. စားချင်မလား ဆိုပြီး သူ စားနေကျ မုန့်ထုတ်တွေ ဖောက်လိုက်ပေမဲ့.. စားချင်စိတ်က ပေါ်မလာ.. သူ့ဘေးမှာ ဖောက်ထားတဲ့ မုန့်ထုတ်တွေ သုံးလေးထုတ်.. .. 

ဒီလောက်ထိ ဒေါသ ထွက်စရာ မလိုပါဘူး ဆိုတာတော့ လစ်ဆီ လဲ သိသားပင်.. သူ့အပြုအမူတွေက တော်တော်ကို လွန်နေပြီလား.. ပြောခြင်း မပြောခြင်း ကလဲ လီချန် ရဲ့ ရွေးချယ်ခွင့်ပဲလေ.. သူ တော်တော်လေး လွန်တဲ့လူလား.. 

ထိုအချိန်မှာပဲ တံခါးသော့ဖွင့်သံ ကို ကြားလိုက်ရသည်.. လစ်ဆီ နဲနဲတော့ လန့်သွားသည်.. ဒီအိမ်သော့ရှိတာ သူရယ်.. အန်နီ ရယ်ပဲလေ.. ဒီလို အချိန်ကြီးမှာ အန်နီ သူ့ကို လာရှာတာလား.. အန်နီ အဝင်ကို လစ်ဆီ မော့ကြည့်နေလေသည်.. ဒါပေမဲ့ ဝင်လာတဲ့သူက အန်နီမဟုတ်.. 

လစ်ဆီ မျက်လုံးပြူးသွားသည်.. မဖိတ်ခေါ်ပဲ ဝင်လာတဲ့သူကို မျက်မှောင်ကြုတ်ပြီး လစ်ဆီ ကြည့်လိုက်သည်.. 

"ရှင် ဒီကို ဘာလာလုပ်တာလဲ"

ဝမ်လီချန် က တံခါးကို သေချာလေး ပြန်ပိတ်လိုက်ပြီး.. အကျီ အပေါ်ထပ်ကို ချွတ်လိုက်သည်.. 

"မင်းနဲ့ တွေ့ဖို့ လာတာပေါ့"

"ဘာလဲ အလုပ်ရှင်ကြီးက အလုပ်သမား ကို အဲ့လောက်တောင် ဂရုစိုက်တာတဲ့လား"

လစ်ဆီ ခပ်ရွဲ့ရွဲ့ ပြောလိုက်သည်.. ဝမ်လီချန် တမျိုးဖြစ်သွားပေမဲ့.. လစ်ဆီ့ကို နွေးနွေးထွေးထွေးကြည့်ပြီး 

"အဲ့လို တွေးလဲ ရပါတယ်"

"ဒါဆိုလဲ ဂုဏ်ယူပါတယ်လေ"

လစ်ဆီ သူ့ ဒူးခေါင်းကို ဖက်ထားရင်း ချဉ်တင်တင်ပြောလိုက်သည်...  လီချန် သူ့အပေါ်ထပ်ကို ဆိုဖာပေါ် တင်လိုက်ပြီး လစ်ဆီ့ဘေးလျှောက်သွားသည်.. 

"စိတ်မဆိုးနဲ့တော့.. ဟုတ်ပြီလား.. တောင်းပန်တဲ့ အနေနဲ့.. မင်းတောင်းဆိုသမျှ ကိုယ်လုပ်ပေးမယ်လေ.."

CEO AND THE ACTRESSحيث تعيش القصص. اكتشف الآن