အရပ်မြင့်မြင့် ဒေါင်ကောင်းကောင်း နှင့် အဖြူရောင် ရှပ်အကျီ.. အနက်ရောင် ပန် ဝတ်ထားသော ရှင်းလဲ့ဟန်မှာ ဝမ်လီချန်မှာ ရိုးရှင်းနေပေမဲ့ ကျက်သရေ ရှိလှလေသည်။ အရှေ့ကနေ လျှောက်နေသော လစ်ဆီမှာတော့ သူ့နောက်မှာ လူတယောက် လိုက်နေတာတောင် သတိမပြုမိ.. ဟိုဖက် ဒီဖက်ကြည့်ပြီး ကြောင်ကလေး တကောင်ကို တွေ့တော့ ထိုင်ချပြီးကြောင်ကလေးနှင့် ကစားလိုက်သေးသည်။ .. လမ်းပေါ်က သူတောင်းစားအဖိုးကြီးတွေ့တော့ တရာတန်ဒေါ်လာတွေ လေးငါးရွက် ထည့်ပေးလိုက်သည်။ ဝမ်လီချန်ကတော့ သူ့နောက်မှ အေးဆေးလိုက်လျှောက်နေလေသည်။
ရုပ်ထု တခုနားရောက်တော့ လစ်ဆီ လှည့်ပြီး ဓါတ်ပုံ ဆယ်ဖီ ရိုက်ဖို့ ပြင်လိုက်သည်။ ရုတ်တရက် သုံးမီတာလောက်မှာ ရပ်နေသော သူကို သတိပြုမိသွားသည်။ ထိုလူက ဘောင်းဘီ အိပ်ထောင်ထဲ သူ့လက်ထည့်ထားပြီး လစ်ဆီ ကို စိုက်ကြည့်နေလေသည်။..
လစ်ဆီ ရင်ခုန်သွားသည်။ နောက်တခေါက်ပြန်ကြည့်လိုက်မိသည်... ဟာ.. ဘယ်လိုလုပ်ပြီး ဝမ်လီချန် ဖြစ်နိုင်မှာလဲ.. သရဲတကောင်ကို တွေ့လိုက်သလိုမျိုး လစ်ဆီ မျက်နှာ ပျက်သွားသည်။ နှလုံးခုန်နေတာများ ရင်ဘတ်ထဲကတောင် ထွက်လာတော့မည့်အတိုင်းပင်..
လစ်ဆီ မသိသလို ဟန်ဆောင်လိုက်ပြီး ခပ်သွက်သွက် လျောက်လိုက်သည်။
"ဘယ်သွားမလို့လဲ"
သူ့နောက်ကနေ မကျေမနပ်အသံ ထွက်လာလေသည်. .. လစ်ဆီ နှုတ်ခမ်းလေး ကော့တက်သွားကာ ချက်ချင်း ပြုံးပြီး ဝမ်လီချန်ဖက်လှည့်လိုက်လေသည်။
"ဝမ်သခင်လေး.. တိုက်ဆိုင်လိုက်တာနော်.. ရှင်ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ"
"ကိုယ်ကမင်းကို ရှိုးပွဲ လက်မှတ်တွေ အများကြီးပေးခဲ့တာ.. မင်းက ကိုယ့်ကို ဒီလို ပြန်ပြီး ကျေးဇူးဆပ်တာလား.. မင်းကိုယ့်ကို တွေ့တာနဲ့ ထွက်ပြေးမယ်ပေါ့"
ဝမ်လီချန် မကျေမနပ်ပြောလိုက်လေသည်။ လစ်ဆီမှာ သီးသွားပြီး သွားဖြဲလေးနှင့် ရီလိုက်ကာ
"ဒါဆို ကျမ ရှင့်ကို ကော်ဖီ ဝယ်တိုက်မယ်လေ"
ဝမ်လီချန်က ဘာမှ ပြန်မပြောပဲ လစ်ဆီကို အေးစက်စက် ကြည့်နေလေသည်။ လစ်ဆီမှာ စိတ်လှုပ်ရှားပြီး လက်တဖက်နှင့် တဖက် ပွတ်လိုက်ပြီး
VOUS LISEZ
CEO AND THE ACTRESS
Roman d'amourLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...