44

143 8 0
                                        

လူစားထိုးသရုပ်ဆောင်တဲ့ ကိစ္စ.. သူ ဟာသပြောတာလို့ လစ်ဆီ ထင်ပေမဲ့.. သူ့မျက်နှာမှာတော့ တကယ်ကြီး ကို အသေအချာ ပြောနေသည့်ပုံ.. .. လစ်ဆီ့ နှလုံးသားလေးကို တခုခုက ဆွဲဆုတ်လိုက်သလိုလို.. ပြီးတော့ ပျော်လဲပျော်သွားသည်.

မိုရာက သူတို့ကို ညစာဖိတ်ကျွေးလေသည်.. ဆီရီလေးကလဲ ရောက်နေပြီ ဆိုတော့ သူတို့နှစ်ယောက် ရှင်းလဲ့ဟန် တို့ဆီ မသွားခင်.. စူပါမားကက် တခု သွားပြီး လက်ဆောင် သွားဝယ်လေသည်။

အရုပ်ဆိုင်တွင်.. လစ်ဆီ့အကြည်တွေက ဘိုမ ရုပ်လေး ကနေ မခွါနိုင်.. သူ အရုပ်လေးကို ယူပြီး မျက်လုံးလေးက လိုချင်နေသည့်ပုံ..

လစ်ဆီ အရုပ်လေးကို အရမ်းလိုချင်နေသောပုံ ပေါက်နေသောကြောင့် ဘေးမှာ စက်ရုပ်ကြည့်နေသော လီချန်က လစ်ဆီ နားရွက်နှင့် သူ့ပါးစပ် ကို ငုံ့ပြီး ကပ်လိုက်ကာ.. တိုးတိုးလေးပြောလိုက်လေသည်.

"ဒီအရုပ်လေးကို ကြိုက်တယ် ဆို ယူလိုက်.. ကိုယ်တို့ သမီးလေး မွေးတဲ့အခါ သူ့ကို ပေးလို့ရတာပေါ့.. "

အရုပ်ကလေး ကိုင်ထားသော လစ်ဆီလက်တွေ တင်းကြပ်သွားသည်.. စိတ်တွေက ဂယောက်ဂယက် ဖြစ်သွားကာ.. အရုပ်လေးကို သူ့နေရာမှာ ပြန်ထားလိုက်လေသည်။ သူ့မှာ လက်ထပ်ဖို့ အစီ အစဉ်တောင် မရှိသေးတာကို..  ဘယ်လိုလုပ်ပြီး သမီးလေး လဲ..

ဆီရီအတွက် စက်ရုပ်ကို ယူပြီး ငွေရှင်းခါနီး လီချန်က ဘိုမရုပ်လေးကို  ပြန် ကြည့်လိုက်ပြီး သွားယူလာလိုက်ကာ ငွေရှင်းလိုက်လေသည်။ လစ်ဆီက သူ့ကို တအံ့တအော ကြည့်လို့.. လီချန်က ဘိုမ ရုပ်လေးကို ယူပြီး လစ်ဆီကို ကမ်းပေးလိုက်ကာ

"မင်းအတွက်.."

လစ်ဆီက အရုပ်လေးကို ရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်သည်။အရုပ်လေးက သိပ်ချစ်ဖို့ကောင်းတာ.. အဝတ်လဲခန်းက မှန်တင်ခုံမှာ ထားဖို့ အတော်ပဲ..

"ကျေးဇူးပါရှင့်.."

လီချန်က စက်ရုပ်ဘူးယူကာ အရှေ့ကနေ ထွက်သွားတော့ လစ်ဆီလဲ ဘိုမ ရုပ်လေးကိုင်ကာ နောက်ကနေ တကောက်ကောက် လိုက်သွားလေသည်။

CEO AND THE ACTRESSTahanan ng mga kuwento. Tumuklas ngayon