32

154 11 3
                                        

လစ်ဆီ မိုရာ နှင့် တူတူ တန် အိမ်တော်သို့ သွားလေသည်။ အိမ်မှာ ကျန်ခဲ့သော မိုရာ ပစ္စည်းများကို သွားယူဖို့ပင်.. . မလီဆာ တပည့်က မိုရာ့အမေ လည်ဆွဲကို ခိုးထားလိုက်သေးသည်.. လစ်ဆီက ရှင်းလဲ့ဟန် နာမည်နှင့် ချိန်းချောက်လိုက်ပြီးမှ ပြန်ယူလာပေးလေသည်။

အိတ်တွေကို ကားပေါ်တင်လိုက်ပြီးမှ.. မိုရာ အိမ်ကြီးကို တခါ ပြန်ကြည့်လိုက်သည်.. နောက်တခါ ပြန်လာဖို့ မဖြစ်နိုင်တော့တဲ့ အိမ်ကြီး..

မိုရာနှင့် လစ်ဆီ မိုရာ့အိမ်ဟောင်းလေးမှာ တူတူပြန်ပြီး ပစ္စည်းထားလိုက်လေသည်.. ပြီးနောက် မိုရာက ဝမ်းနည်းစရာကောင်းသောတေးသွားတခုကို တီးခတ်လိုက်လေသည်။ ဘေးမှာ ခေါင်းအုံးလေး ပိုက်ပြီး ရှိနေသည့် လစ်ဆီကလဲ မိုရာ့ကို ကြည့်ပြီး တော်တော်လေး ဝမ်းနည်းသွားလေသည်။

ငါးနာရီတွင် ရှင်းလဲ့ဟန် မိုရာဆီဖုန်းဆက်လာသည် လစ်ဆီနှင့် တူတူ ရှိနေကြောင်းသိသွားတော့ ညစာတူတူ စားဖို့ ဖိတ်လိုက်လေသည်။

"ညစာ သွားစားရအောင်"

"အင်း.. ငါလဲ ဗိုက်ဆာနေပြီ"

လစ်ဆီ ပြုံးပြီး ပြန်ပြောလိုက်လေသည်။ လစ်ဆီမသိသည်က ရှင်းလဲ့ဟန် မိုရာနှင့် ပြောပြီးသည်နှင့် ဝမ်လီချန်ဆီကိုပါ ဖုန်းဆက်ပြီး ညစာတူတူ လာစားဖို့ ဖိတ်လိုက်လေသည်။ ရှင်းလဲ့ဟန် ကို စားသောက်ဆိုင် လိပ်စာကို ပို့ပေးလိုက်လေသည်။

လစ်ဆီနှင့် မိုရာက ဆိုင်သို့ အရင်ရောက်သွားလေသည်။ ညနေခင်း လေပြေလေညှင်းက တိုက်ခတ်နေပြီး ပတ်ဝန်းကျင်က တော်တော်လေးကို ကြည့်လို့ ကောင်းနေလေသည်။.. သူတို့နှစ်ယောက်ထိုင်ပြီးသည်နှင့် လစ်ဆီက မှေးစေ့ထောက်ပြီး

"တကယ်ဆို ငါမလာခဲ့သင့်ဘူးနော်..  ခုတော့ ငါ့မှာ ဆေးရိုးသည် ဖြစ်တော့မယ်"

မိုရာက ရီလိုက်ပြီး

"အေးဆေးပါ"

"ဒါပေမဲ့ အဆင်မပြေဘူးထင်တယ်.. သူများတွေ က ရိုနေမှာ ဆိုတော့လေ.. ငါ့ အန်နီကို ဖုန်းဆက်ခေါ်လိုက်မယ်"

ပြောရင် လစ်ဆီက ဖုန်းထုတ်လိုက်တော့ မိုရာက လစ်ဆီ့လက်ကို ဆွဲလိုက်လေသည်။

CEO AND THE ACTRESSWhere stories live. Discover now