"ကိုယ့်အမြင်ကို မင်းယုံတယ်ပေါ့.. "
"ရှင် ကျမကို ရွေးပေးလို့ရလား"
ဝမ်လီချန်က နာရီကို တချက်ကြည့်လိုက်ပြီး
"ခုက အချိန်တွေ ရှိသေးတာပဲ.. မင်းမန်နေဂျာကို ပြောလိုက်.. ဝတ်စုံ ရှာစရာ မလိုတော့ဘူးလို့.. ဒီကိစ္စ ကိုယ့်တာဝန်ပဲ ထားလိုက်"
"တကယ်လား"
ဒီလူရွေးပေးရင်တော့ သေချာပြီ.. အကောင်းဆုံး ဝတ်စုံ ကို ရရှိဖို့.. အခွင့်အလမ်းပင်..
"ကိုယ့်ကို ယုံလိုက်တော့.. "
လစ်ဆီကို စိုက်ကြည့်ပြီး လီချန် ပြောလိုက်လေသည်. . လစ်ဆီ့ ရင် ထဲအေးသွားကာ.. ခေါင်းငြိမ့်လိုက်သည်။
"အိုကေ.. ကျမ ရှင့်ကို ယုံတယ်"
မနက်စာ စားပြီးသည်နှင့် လစ်ဆီလဲ ပန်းကန်တွေ ဆေးကြော သိမ်းဆည်းလိုက်ကာ... လီချန် လဲ အလုပ်သွားလေတော့သည်။
မနက်ဖြန်က စနေနေ့.. ရွှေကြက်ဖ ဆု ပေးပွဲကို မနက်ဖြန် ကျင်းပလိမ့်မည်..ဆုရတာတောင် မဟုတ်.. စကာတင် စရင်းထဲ ပါတာတောင်.. တော်တော် ကံကောင်းနေလေပြီ.. ညနေခင်း ဝတ်စုံ အတွက်လဲ လစ်ဆီ ပူစရာ မလိုတော့ သုံးနာရီလောက်မှာ ဝမ်လီချန် လာပို့လိမ့်မည်.. ဝတ်စုံပုံကို ကြိုပြီး မတွေ့ရပေမဲ့.. လစ်ဆီကတော့ လီချန် အကြည့်ကို ယုံကြည့်မှုရှိလေသည်..
ဆုတိုင်းဆုတိုင်း က သရုပ်ဆောင်တွေရဲ့ အရည်အချင်းကို မှတ်ကျောက်တင်သော အရာ တခု.. ပြီးတော့.. သူတို့အတွက် စိတ်ခွန်အားပေးနိုင်သောအရာ.. လစ်ဆီကလဲ ဆုကို လက်ဝယ် လိုချင်သည်.. ရဖို့ မျှော်လင့်မိသည်.. အရင်နှစ်ကလဲ စကာတင် စရင်းထဲ ပါပြီး သူ ဆုမရခဲ့..
ည ရှစ်နာရီအချိန်တွင်.. လစ်ဆီက မုန့်စားရင်း ဇတ်လမ်းကြည့်နေလေသည်.. ခဏနေတော့ အန်နီ ဖုန်း ဝင်လာလေသည်..
"ဟလို အန်နီ.. ဘာကိစ္စလဲ"
လစ်ဆီ့ ပလုပ်ပလောင်းအသံကို ကြားလိုက်သည်နှင့်.. လစ်ဆီ မုန့်စားနေတယ် ဆိုတာ အန်နီ တန်းသိလိုက်ပြီ..
"လစ်ဆီ ခုချိန်ထိ မုန့်စားနေတုန်းပဲလား.. နက်ဖြန် ညနေခင်း ဝတ်စုံ ဝတ်ရမှာနော်.. ဝဖောင်းနေရင်.. ဘယ်လို လုပ်မှာလဲ"
ESTÁS LEYENDO
CEO AND THE ACTRESS
RomanceLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...