လစ်ဆီ လီချန် စကားကို နားမထောင်ပဲ ဝူတောက်ဆီလျှောက်သွားပြီး ယဉ်ကျေးစွာနှုတ်ဆက်လိုက်လေသည်။
"ဟလို.. CEO ဝူ .. ကျမက ရှင့် ကုမ္ပဏီက အနုပညာရှင် လစ်ဆီပါ.. ဒီမှာတွေ့ရတာ ဂုဏ်ယူပါတယ်"
ဝူတောက်လဲ ခပ်မြန်မြန်ပဲ မတ်တပ်ရပ်လိုက်ပြီး
"ဟလို.. လစ်ဆီ "
ဝူတောက်က သဘောကောင်းလိုက်တာ.. လစ်ဆီကို မျက်နှာသာပေးပြီး မတ်တပ်ရပ်ပြီးတောင် နှုတ်ဆက်တယ်.. လစ်ဆီ တွေးလိုက်လေသည်။
"ဒါဆို ထမင်းစားတာ မနှောက်ယှက်တော့ဘူးရှင်.. "
လစ်ဆီ ပြောပြီးသည်နှင့် ဘေးက အမျိုးသမီးကိုပါ ခေါင်းဆတ်ပြီး နှုတ်ဆက်လိုက်ကာ သူ့နေရာသို့ ပြန်သွားထိုငလေသည်။
ကုမ္ပဏီ CEO နှင့် တွေ့လိုက်ရသောကြောင့် လစ်ဆီ ပျော်ရွင်နေတာကို ကြည့်ပြီး လီချန် မျက်မှောင်ကြုတ်သွားသည်။ သူ့ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ သူက SKY GROUP ရဲ့ ဉက္ကဌ ကြီး ဆိုရင် လစ်ဆီ ဘယ်လို တုန့်ပြန်မလဲ မသိ.. သို့ပေမဲ့ သူ ဘယ်သူလဲ ဆိုတာ လီချန် မပြောပြချင်သေး.. သူ ဘယ်သူလဲ ဆိုတာ သိပြီး လစ်ဆီက သူ့ကို ကြိုက်လာရင်တောင် ဉက္ကဌကို အားကျလေးစားလို့ ကြိုက်လာတာလဲ ဖြစ်နိုင်လေသည်။
လစ်ဆီ လီချန်ဖက် ကိုယ်ကိုယိမ်းပြီး ပြောလိုက်သည်။
"သူ့နာမည်က ဝူတောက်တဲ့ SKY ENTERTAINTMENT ရဲ့ CEO လေ.. "
"ဘာလဲ မင်းက သူနဲ့ ရင်းနှီးချင်လို့လား"
လီချန်က မျက်ခုံးပင့်ပြီး မေးလိုက်လေသည်. .. သူ ဘာပြောချင်လဲ ဆိုတာ လစ်ဆီ ချက်ချင်းနားလည်သွားကာ သူ့ကို ဒေါသနှင့် ကြည့်လိုက်ပြီး
"ရှင်ဘာတွေ တွေးနေတာလဲ.. သူဌေးနဲ့ တွေ့ရလို့ ဝမ်းသာတာပဲ ရှိတာ.. ကျမမှာ ဘာအတွေးမှမရှိဘူး.. ပြီးတော့ ကျမတို့ သူဌေးကို အဲ့လောက်လဲ အဆိုးမမြင်ပါနဲ့"
လီခန် နှာမှုတ်လိုက်ကာ..
"ဝူတောက်က မင်းတို့ ကုမ္ပဏီ ရဲ့ သူဌေးကြီးလို့ မင်းထင်နေတာလား.. ကိုယ်သိသလောက်တော့ သူ့နောက်မှာ သူ့ထက်ကြီးတဲ့ ဉက္ကဌ ဆိုတာ ရှိသေးတယ် ဆိုပဲ"
![](https://img.wattpad.com/cover/327310081-288-k997162.jpg)
VOCÊ ESTÁ LENDO
CEO AND THE ACTRESS
RomanceLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...