လစ်ဆီ့ရုပ်မှာ ပြောင်စပ်စပ် ဖြစ်သွားပြီး .. လက်ဖြန့်လိုက်ပြီး ပုခုံးကို တချက်မြောက်လိုက်ကာ.. အပြစ်ကင်းသော ပုံစံဖြင့်..
"ဘာလို့လဲ ဆိုတော့.. ကျမှာ ကြိုက်တဲ့သူ မှ မရှိတာကို.."
ပြောပြီးသည်နှင့် လစ်ဆီ ဂုဏ်ယူစွာ ပြုံးလိုက်သည်။ လှေကားရင်းရောက်နေသော လီချန်မှာ လစ်ဆီ စကားကို ကြားပြီးသည်နှင့် မျက်နှာ မှောင်မဲသွားသည်။ ပြီးတော့ လစ်ဆီ ရှိနေသည့် လှေကားထစ်နား ခပ်သွက်သွက်တက်လာသောကြောင့် လစ်ဆီ လန့်ပြီးတောင် ခုန်မိသွားသည်။ ဒီလူ သူ့ကို လာရိုက်တော့မလား..
ကလေးလေးလို သူ အပေါ်ပြန်ပြေးတက်ဖို့ ပြင်လိုက်ပေမဲ့.. တောင့်တင်းသော ခန္ဓာကိုယ် က သူ့ကို ဆွဲပြီး လှေကားလက်ရမ်းမှာ ပိတ်လိုက်လေသည်။ ပြီးနောက်.. မှေးစေ့ကို ဆွဲယူခံလိုက်ရပြီး .. လွမ်းမိုးမှုများသော .. အပြစ်ပေးလိုသော ပုံစံရှိသော အနမ်းကြမ်းကို လက်ခံလိုက်ရလေသည်။
ကျောမှာက လှေကားလက်ရမ်း အရှေ့မှာက ထိုလူရဲ့ တောင့်တင်းသော ရင်ဘတ်.. လစ်ဆီမှာ ဒီနှစ်ခုကြား ညှပ်မိနေသောကြောင့် လှေကားလက်ရမ်းကနေ ပြုတ်ကျသွားမှာ အတော်လေး စိုးရိမ်မိသည်။ ထို့ပြင်.. အာဏာအပြည့် ပူနွေးသော .. အနမ်းများ... လစ်ဆီမှာ ရူးသွားမလား.. ထင်ယောင်ထင်မှား ဖြစ်သွားသည်။
နောက်ဆုံးတော့ ထိုလူက လစ်ဆီကို လွတ်လိုက်ပြီး.. မတည်ငြိမ်သော အသက်ရှူသံနှင့်
"နောက် ကိုယ့်ကို မလိမ်နဲ့.."
လစ်ဆီမှာလဲ.. အသက်ကို အပြင်းအထန် ရှူနေရသည်.. ဘာမှ ဆက်မလုပ်ရဲတော့..
လီချန်ကတော့ လစ်ဆီကို လှေကားမှာ ချန်ထားပြီး ကျက်သရေရှိစွာ အောက်ထပ်ကို ဆင်းသွားလေပြီ.. လစ်ဆီ မတွေ့နိုင်တော့သည့် အကွေ့ရောက်တော့ သူ့ရဲ့ စက်စီ ကျသော နှုတ်ခမ်းလေးမှာ ပျော်ရွင်သော အပြုံးပေါ်လာလေသည်။
လစ်ဆီ.. အောက်ထပ်ကို ဆက်ဆင်းလာပြီး သူ့ခြေထောက်တွေက အားမရှိတော့သလို ခံစားလိုက်ရသည်. သူ့မှာ အတော်လေး လန့်သွားသည်.. ဒီလူရဲ့ အရှိန်အဝါ က သူ့ကို တကယ် တုန်လှုပ်သွားစေသည်. ဆိုဖာပေါ်ထိုင်လိုက်ပြီး ဘာလို့ လဲ ဆိုတာ ပြောလိုက်မိတာကို ကိုယ့်ကို မကျေမနပ်ဖြစ်မိသွားသည်.
VOCÊ ESTÁ LENDO
CEO AND THE ACTRESS
RomanceLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...