42

139 10 3
                                        

လီချန် မျက်လုံးကို ကျဉ်းလိုက်ပြီး .. အေးစက်စက် အသံနှင့် သတိပေးလိုက်သည်။

"ငါက လစ်ဆီ ရဲ့ ချစ်သူပဲ.. ဒါကြောင့် နောက်နောင် သူ့ကို မနှောက်ယှက်ဖို့ သတိပေးပါရစေ"

"ဘာ... နင် က လစ်ဆီ ရဲ့ ချစ်သူ.. ဟုတ်လား"

"အမှန်ပဲ.. သူက ငါ့ရဲ့လူ.. နင့်ကိုလဲ စိတ်မဝင်စားဘူး.. နောက်နောင် သူနဲ့ ဝေးဝေးမှာနေ.."

ပြောပြီးသည်နှင့် တဖက်က လူ စကားသံကို ထပ်မကြားချင်တော့ပဲ ဖုန်းချလိုက်လေတော့သည်။ ပြီးနောက် စကားအပြန်အလှန်ပြောတာကော.. စာတွေကော အကုန်ဖျက်လိုက်လေတော့သည်.

လစ်ဆီ သန့်စင်ခန်းထဲက ထွက်လာတော့.. ဆိုဖာပေါ်မှာ လီချန် ထိုင်နေလေသည်။ လစ်ဆီ မျက်မှောင် ကြုတ်လိုက်သည်.. တကယ်ပဲ သူ ပင်ပန်းနေပြီ.. သေမလောက်ကို ပင်ပန်းနေတာ.. .. ဘာမှ ပြောချင်စိတ်မရှိတော့ပဲ..အိပ်ရာ တခြမ်းမှာ ဝင်အိပ်လိုက်လေသည်။ ချန်ထားသည့် အိပ်ရာ တခြမ်းကို လီချန် ဆိုဖာပေါ်ထိုင်ပြီး ကြည့်လိုက်သည်.. လစ်ဆီ က သူ့အတွက် တမင်သက်သက် နေရာ ချန်ထားတာလား..

သူ ပြုံးမိသွားသည်.. ဆိုဖာပေါ်မှ ထပြီး လစ်ဆီဘေးမှာ ဝင်အိပ်လိုက်လေသည်။ သူ ဝင်အိပ်လိုက်တာကို လစ်ဆီ သိလိုက်ပေမဲ့.. သူ့ကို နှင်ထုတ်ဖို့လဲ အားမရှိနေတော့.. ထို့ပြင် ဗွီလာ တခုလုံးကလဲ သူ့ဟာပဲလေ.. သူ့ ဆီ လာနေပြီး ပိုင်ရှင်ဖြစ်တဲ့ သူ့ကို နှင် ထုတ် လို့ ဘယ်မှန်ပါ့မလဲ..

လီချန်ဘေးတစောင်း အိပ်လိုက်ပြီး လစ်ဆီကျောပြင်သေးသေးလေးကို ကြည့်လိုက်သည်. ပြီးနောက် လစ်ဆီ နားတိုးကာလစ်ဆီခါးကို ဖက်လိုက်လေသည်။ လစ်ဆီက အဖက်မခံချင်သလို့ လှုပ်လိုက်တော့ လစ်ဆီ့ကျောက သူ့ရင်ဘတ်နှင့် ထိမိသွားသည်. ပြီးနောက်..

"ငြိမ်ငြိမ်နေ.. ကိုယ်မင်းကို ဖက်ရုံပဲ ဖက်မှာ ဘာမှမလုပ်ဘူး"

 သူ ဒီလိုပြောတာ ကြားလိုက်တော့ လစ်ဆီ စိတ်ချ လက်ချ ဖြစ်သွားပြီး.. ဝိုင်အရှိန်နှင့်.. ခဏလေးအတွင်းမှာပင် အိပ်ပျော်သွားလေတော့သည်. လီချန် အတွက်တော့ အိပ်မရသော ည အစပြုလိုက်သလိုပင်..

CEO AND THE ACTRESSWhere stories live. Discover now