လီချန် ကိုယ်ကို ပြန်မတ်လိုက်သည်.. လစ်ဆီမျက်နှာလေးက ရဲရဲလေး.. သူ အလျင်မလိုသလို.. လစ်ဆီ သူ့ကို ကြောက်သွားမှာလဲ မလိုချင်ပေ..
"နောက်ကျရင်.. ကိုယ်ပဲ မီးဖိုချောင်ထဲ ဝင်မယ်.. မင်း ဝင်ခွင့်မရှိဘူး.. အန္တရာယ် ရှိတဲ့ အရာတွေကို ကိုယ်တွယ်ခွင့် မရှိဘူး .. ဒီမှာပဲ လိမ်လိမ် မာမာ နေရင်ရပြီ"
"ဒါဆို .. ကျမ ငပျင်း ဖြစ်သွားမှာပေါ့"
"မင်း ကိုယ့်ကို ဒုက္ခ မပေးရုံ ဆို လုံလောက်ပြီလေ.. "
"ရှင်.. " လစ်ဆီ နဲနဲ စိတ်ဆိုးသွားပြီး.. "ကျမ အဲ့လောက်လဲ.. အသုံးမဝင်တဲ့သူ မဟုတ်ပါဘူး"
"ဒီအိမ်မှာ မင်း အသုံးဝင် ပုံ ကတော့ ကိုယ့်ကို ပျော်အောင် ထားရင်ရပြီ.. မင်းကိုယ့် ချစ်သူ ဖြစ်ဖို့ သဘောတူရင်တော့ အကောင်းဆုံးပဲ... ကောင်မလေးတွေက သူတို့ချစ်သူတွေကို လုပ်ပေးတဲ့ အရာတွေ မင်းလုပ်ပေးရင်.. လုံလောက်ပြီ"
လစ်ဆီ သူ့ကို ကြောခိုင်းလိုက်ပြီး
"ကျမ မသိဘူး"
"ကိစ္စမရှိပါဘူး.. ကိုယ်တို့တွေ အချိန်အများကြီး ရှိသေးတယ်.. ကိုယ်မင်းကို သင်ပေးမှာပေါ့"
လီချန် အသံက နွေးထွေး နှူးညံ့စွာ..
လစ်ဆီ အိပ်ငိုက်သလို သန်းလိုက်ပြီး
"ကျမ ပင်ပန်းနေပြီ.. အခန်းထဲ ပြန်တော့မယ်"
ပြောပြီးသည်နှင့် လစ်ဆီ အပေါ်ထပ်သို့ ခပ်သွက်သွက်လေး ပြေးတက်သွားလေသည်။ လီချန် သက်ပျင်း ချ လိုက်သည်။ ဒီအမျိုးသမီးက လိုက်ဖို့ မလွယ်ဘူး ဆိုတာ သူ ခံ စား ရသည်။ လစ်ဆီ သူ့ကို မြန်မြန် သဘောတူဖို့ သူ့မှာ တခြားနည်းလမ်းလဲ ရှိသေးတာပေါ့.. သူက ဘယ်သူလဲ ဆိုတာ ပြောပြပြီး သူ့ပေါင်လုံးကို ဖက်ဖို့ .. မြန်မြန် တွန်းအားပေးနိုင်သည်.. သို့ပေမဲ့ အဲ့လိုလဲ မလုပ်ချင်..
အခန်းထဲ ရောက်သည်အထိ လစ်ဆီ နှလုံးခုန်နှုန်းက မြန်ဆန်နေတုန်းပင်.. အရိုးသားဆုံး ဝန်ခံရလျှင်.. အမျိုးသမီး နှင့် အမျိုးသား ကြား ဆက်ဆံရေးကို သူ မကိုင်တွယ်တတ်.. လီချန် စကားတွေက သူ့ကို ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်စေလေသည်။

VOUS LISEZ
CEO AND THE ACTRESS
Roman d'amourLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...