13

166 12 3
                                        

နောက်တနေ့ နေ့လည်ခင်းတွင်.. 

လစ်ဆီနှင့် သူ့လက်ထောက် ပြီးတော့ သူ့မန်နေဂျာ လေဆိပ်ရောက်လာလေသည်။ သူတို့ သုံးယောက် ဖက်ရှင်ပွဲတခုကို ပွဲတက်သည့် ပုံစံသွားဖို့ပင်.. 

လစ်ဆီက တရားဝင် ဖိတ်စာ မရပေမဲ့ ဒီလိုပွဲကြီး ဆိုတော့ နိုင်ငံတွင်းက အနုပညာရှင်တော်တော်များများ  သွားကြလေသည်။ လစ်ဆီလဲ အပါအဝင်ပေါ့.. 

ဖိတ်ခေါ်ခံရသည့် အနုပညာရှင်မှာလဲ တကယ့်အနဲအကျဉ်းပင်.. တရုတ်နိုင်ငံ တနိုင်ငံလုံးမှခြောက်ဦးသာ ဖိတ်ခေါ်ခံရပြီး အားလုံးကလဲ ကမ္ဘာကျော် အနုပညာရှင်တွေ ဖြစ်လေသည်။ လစ်ဆီ က နိုင်ငံခြား အမှတ်တံဆိပ်အချို့ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဖြစ်သော်လဲ ဖိတ်စာတော့ မရခဲ့ပေ.. ထို့ကြောင့် မတတ်သာပဲ လစ်ဆီမှာ ရှိုးပွဲသွားကြည့်ဖို့သာ တတ်နိုင်လေသည်။ 

"လစ်ဆီ.. ညနေခင်း ဝတ်စုံတော့ ဌားထားပြီနော်.. အချိန်ရောက်လာလို့ ရှိရင်.. ကော်ဇောနီမှာ သွားပြီး ဓါတ်ပုံ ရိုက်ရုံပဲ.. ပြီးတာနဲ့ ပုံပြင်ပြီး တင်လိုက်လို့ရပြီ.. ဘာပဲပြောပြော hot search တက်နိုင်မှာပါ.. "

အန်နီ က သူ့ကို ချော့မော့လိုက်သည်။ 

"ကျမက သွားမှ ဖြစ်မှာလား.." 

လစ်ဆီက မှေးစေ့ကို ရှေ့တိုးရင်း စိတ်ပျက်သည့် အမူအရာနှင့် မေးလိုက်လေသည်။  

"မျက်နှာလေး ပြရုံပဲလေ.. ဘာမှ ထပ်မခိုင်းမပါဘူး"

"ဟို တခေါက်ပွဲတုန်းက မင်းသမီး တယောက် နှင်ထုတ်ခံလိုက်ရသေးတယ်လေ.. အဲ့လိုတာ လုပ်ခံရရင်တော့ တော်တော် အရှက်ကွဲမှာပဲ.. "

လစ်ဆီမှာ ခါးသီးသော မျက်နှာနှင့် ပြောလိုက်လေသည်။ 

"တကယ်လို့ မကောင်းဘူး ဆိုရင်တောင်မှ ဝင်ပေါက်မှာ ညနေခင်း ဝတ်စုံ လှလှပပ ရိုက်ပြီး ပြတာက ပိုကောင်းပါတယ်.. မင်းရဲ့ ပရိသတ်တွေက လှလှပပ ပုံလေးတွေ ကြည့်ချင်နေတာလေ.."

ဓါတ်ပုံဆရာကလဲ

"လစ်ဆီ စိတ်မပူပါနဲ့.. ကျတော် လှလှပပလေး ရိုက်ပေးမှာပါ.. ပရိသတ်တွေ ကြည့်ရအောင်လို့.. 

CEO AND THE ACTRESSTempat cerita menjadi hidup. Temukan sekarang