50

119 10 0
                                        

လစ်ဆီ အသံချိုချိုလေးကြောင့် ဝမ်လီချန် နဲနဲ စိတ်ပြေသွားသည်.. မကျေမနပ်ဖြစ်နေတဲ့ အကြည့်တွေ လျော့သွားသည်.. သူဘေးမှာရပ်ဖို့ ကားကို ဘေးကပ်လိုက်သည်..

ရုတ်တရက် ကားရပ်လိုက်တော့ လစ်ဆီ အံအောသွားပြီး ..

"ဘာဖြစ်လို့လဲဟင်... "

ဝမ်လီချန် လစ်ဆီ ဖက်လှည့်ပြီး ငေးကြည့်နေလေသည်.. ကားပြတင်းပေါက်ကနေ ဝင်လာသော အလင်းတွေက လစ်ဆီ့မျက်နှာမှာ ဖြာကျလို့.. ဇတ်လမ်းထဲမှာ မင်းသားက မင်းသမီးကို အတင်းဖက်နမ်းသည့် အခန်း .. လီချန် စိတ်ထဲပေါ်လာလေသည်..  သူ့ဒေါသ ပြန်ထွက်လာသည်..

မှောင်မဲသွားသော မျက်လုံးတွေ ကြည့်ပြီး လစ်ဆီ ဆိုးဝါးတာ တခုခု ဖြစ်တော့မည်ကို ခံစားလိုက်ရသည်.. သူ .. သူ.. လစ်ဆီကို နမ်းတော့မှာလား.. လစ်ဆီခန့်မှန်းချက် မှန်သွားသည်..

ဝမ်လီချန် လစ်ဆီဖက်ကိုင်းလာပြီး လက်တဖက်ကို လစ်ဆီ့ဆံပင်ထဲ ထိုးထည့်ပြီး ခေါင်းကို ထိန်းထားလိုက်ကာ နောက်တဖက်က လစ်ဆီ့နဲ့ ပိုနီးသွားအောင် ခါးကို တိုးဖက်လိုက်သည်.. ပြီးတော့ လစ်ဆီ့ နှုတ်ခမ်းကို...

လစ်ဆီ မှာ ဘာပြောရမလဲ မသိတော့.. ဒီည.. ဒီလူတော့ နမ်းရတာကို စွဲလန်းနေပြီထင်ပါရဲ့.. လစ်ဆီ ဘာမှ မပြောတော့ပဲ မျက်လုံးမှိတ်ကာ သူနမ်းတာ ခံနေလိုက်သည်..

ဝမ်လီချန်တော့ လစ်ဆီ့အနမ်းကို စွဲလန်းနေပြီ.. ဒီအမျိုးသမီး စွဲဆောင်နိုင်မှုက ... မလွတ်မြောက်နိုင်လောက်အောင်ပင်.. သူ့ရင်ခွင်ထဲကို စရောက်လာတဲ့နေ့ကစပြီး.. သူ့ကို တဆင့်ပြီး တဆင့် ပိုက်ကွန်နှင့် ဖမ်းချုပ်ထားသလိုလို.. ပြီးတော့ သူကလဲ လစ်ဆီ ဖမ်းမိလိုက်တဲ့ ငါးလေး ဖြစ်ချင်နေသည်..

ခနနမ်းပြီးနောက်.. ဝမ်လီချန် လစ်ဆီကို လွတ်ပေးလိုက်ပြီး အသည်းအသန် အသက်ရှူနေလိုက်သည်.. သူ့မျက်လုံးများပြာဝေနေပြီး.. အန္တရာယ်ရှိသော အမှောင်ရိပ်များသန်းနေသည် သူ့နဖူးနှင့် လစ်ဆီ့နဖူးကို ဖိလိုက်ပြီး အသံရှတတနှင့်.. တောင်းဆိုလိုက်သည်..

"ကိုယ်တို့ ဟော်တယ် သွားရအောင်"

သူ ဘာဖြစ်ချင်နေလဲဆိုတာ လစ်ဆီလဲ သိနေပြီ.. လစ်ဆီ ကိုယ်တိုင်ကလဲ သူ့အနမ်းကြောင့် တကိုယ်လုံးပင် အားမရှိတော့သလိုလို.. ဒါပေမဲ့.. လစ်ဆီက သူ့ စည်းကမ်းကိုတော့ ထိန်းချုပ်နိုင်ဆဲ.. လစ်ဆီ ခေါင်းခါလိုက်ပြီး..

CEO AND THE ACTRESSTempat cerita menjadi hidup. Temukan sekarang