64

99 8 0
                                    

သန်းခေါင်ယံ က စပြီး သတင်းတက်လာလေသည်.. ည မအိပ်တဲ့သူတွေက ဖတ်မိပြီး မြန်မြန်ဆန်ဆန် ပင် ရှဲ လေတော့သည်.. ဒီသတင်းကြီး က မမျှော်လင့်တဲ့သတင်းဆို‌တော့.. ပေါက်ကွဲဖို့ တာဆူနေလေပြီ.. 

အခုမှ ဆုရသွားတဲ့.. လစ်ဆီက တကယ်တော့.. မရိုးမသားနဲ့ ရခဲ့ပါလား.. ခန်းမပြင်မှာ နမ်းနေသော ပုံတွေ ကလဲ.. သက်သေအဖြစ် ပါသောကြောင့် လူတွေက ပိုပိုပြီး စိတ်ဝင်စားလာသည်.. ဒီလိုပုံတောင် ထွက်တယ် ဆိုတော့.. ဘယ် ရိုးရှင်းတော့မလဲ.. 

တနာရီအတွင်းမှာပင်.. လစ်ဆီ့ပုံရိပ်ကျ ပရိသတ် နှလုံးသားထဲ ကနေ ကျဆင်းသွားပြီ.. အားလုံးကလဲ ဝိုင်းပြီးလက်ညိုးထိုးနေပြီ.. လစ်ဆီ့ကို မနာလိုသော တချို့မင်းသမီးတွေကလဲ.. ဒီလှိုင်းလုံးထဲ ပါဝင်လာပြီး နောက်ကွယ်ကနေ လစ်ဆီ့ပုံရိပ်ကို ဝိုင်းဖျက်လေတော့သည်.. 

မရီရာ ဖုန်းဆက်လာသည့်အချိန် အန်နီ လန့်နိုးလာသည်.. အန်နီ က ခပ်စောစောအိပ်ရာဝင်လေ့ရှိပြီ.. မရီရာကတော့ သန်းခေါင်ကျော်မှ အိပ်ရာဝင်တတ်သူ.. သတင်းတွေ့လိုက်တော့ မရီရာ လန့်သွားပြီး အန်နီကို ချက်ချင်း ဖုန်းခေါ်လိုက်သည်.. 

သတင်းဆိုးကြီးက အန်နီ အိပ်ငိုက်နေတာကို ချက်ချင်း နှင်ထုတ်လိုက်သလိုလို.. သူ အိုင်ပက်ကို ယူပြီး သတင်းတွေ ကြည့်လိုက်တော့.. တကယ့် အိပ်မက်ဆုံးကြီးပင်.. ဟာ... ဘယ်သူက ဒီသတင်းကို လျှောက်တင်ရတာလဲ.. 

ခုချိန်မှာ လစ်ဆီ ဝမ်လီချန်နှင့် တူတူ ရှိနေလောက်သည်.. သူ ဖုန်းဆက်ရမလား မဆက်ရဘူးလား ဝေခွဲမရ.. .. အန်နီ အမြင်မှာတော့ လစ်ဆီ တို့နှစ်ယောက်က အတူနေပြီ ဖြစ်တဲ့ ချစ်သူတွေ.. ခဏလောက်တွေးပြီး ဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်သည်.. 

အစာ စားပြီးသည်နှင့် လစ်ဆီ အခန်းထဲ ဝင်ပြီး အိပ်လိုက်တော့သည်.. သူ တော်တော် အိပ်ငိုက်နေသောကြောင့် ခေါင်းအုံးနှင့် ခေါင်း ထိလိုက်သည်နှင့် ချက်ချင်း အိပ်ပျော်သွားသည်။ ဖုန်းသံကြောင့် နိုးးလာပေမဲ့.. ချက်ချင်း မကိုင်နိုင်သေး.. ဖုန်းသံက ဆက်ဆက်မြည်နေသောကြောင့် မျက်လုံးဖွင့်ဖို့ အားတင်းပြီး ဖုန်းကောက်ကိုင်လိုက်သည်.. အန်နီ.. 

CEO AND THE ACTRESSKde žijí příběhy. Začni objevovat