လစ်ဆီ နှုတ်ခမ်းလေး ဟ သွားပြီး.. မယုံနိုင်မှုတွေက သူ့မျက်လုံးတွေထဲ ဖြတ်ပြေးသွားသည်..SKY GROUP ရဲ့ သူဌေးက ဘယ်သူပါလိမ့်..
လစ်ဆီလိုပဲ.. တခြားအနုပညာရှင်တွေကလဲ သိချင်စိတ်တွေ မဖုံးနိုင်.. အနုပညာ လောက တခုလုံးကို ထိန်းချုပ်ထားသော သူ က ဘယ်သူ ပါလိမ့်.. လစ်ဆီ ဟိုဖက် ဒီဖက်ကြည့်ပြီး လိုက်ရှာကြည့်လိုက်သည်.. သူဌေးက ထွက်လာတော့မှာလား..
သူ့ဘေးက အမျိုးသမီးလေး စပ်စပ်စုစု လိုက်ကြည့်နေတာ.. ဝမ်လီချန် ကြည့်နေလိုက်သည်.. သူ့အကြည့်တွေက လီချန်ဆီ ရောက်မလာ.. သူ ပြုံးလိုက်သည်.. ခဏနေ ဒီအမျိုးသမီး ဘယ်လောက်တောင်.. အံ့အောလိုက်မလဲ..
အခန်းအနားမှုးကို ကြည့်ရင်း အောက်က လူတွေ တိုးတိုး တိုးတိုး ဖြစ်လာပြီ.. အားလုံးကလဲ စိတ်လှုပ်ရှားနေပြီ..
"ဟုတ်ပြီ.. ကျမတို့အားလုံးက SKY GROUP.. SKY ENTERTIANMENT ရဲ့.. CEO ဘယ်သူ လဲ ဆိုတာ တွေ့ဖို့ စိတ်လှုပ်ရှားနေပြီ ဆိုတာ ကျမ ယုံကြည်တယ်.. အကောင်းဆုံး အမျိုးသမီး ဇတ်ဆောင်ဆုကို ချီးမြှင့်ပေးပါရန်.. လူကြီးမင်း ဘောင်ဝမ် ကို ဖိတ်ခေါ်ပါရစေရှင်"
SEARCH LIGHT တွေက ရှေ့တန်းမှာ ပြေးနေသည်.. ခဏနေတော့ အရပ်မြင့်မြင့် အမျိုးသားတယောက် ထရပ်ကာ.. စတိုင်ကျစွာ.. စင်ပေါ် တက်သွားလေသည်.. သူ့ရဲ့ ကျောပြင်က အားလုံးရဲ့ စိတ်ဝင်စားမှုတွေ သိမ်းပိုက်သွားလေသည်..
အားလုံးက စင်ပေါ်တက်သွားသူ.. ပြန်လှည့်လာဖို့ စိတ်ဝင်တစားကြည့်နေပေမဲ့.. လစ်ဆီ အတွက်တော့ ကြည့်စရာမလို... ဘေးနားက လွတ်သွားသောခုံကို.. အူကြောင်ကြောင် ကြည့်လိုက်သည်.. အားခနဲ့ မအော်မိအောင်.. သူ့လက်နှင့် ပါးစပ်ကိုတောင် သတိလက်လွတ် ပိတ်ထားမိသည်..
ဘုရားရေ.. ဝမ်လီချန် က .. SKY GROUP ရဲ့ သူဌေးကြီး.. ဘယ်သူမှ မသိတဲ့.. လူရှေ့မထွက်တဲ့.. ဘောင်ဝမ်.. .အင်း သူ့ မိသားစုနာမည်က ဝမ်.. လစ်ဆီ မျက်လုံးတောင် ပြူးသွားသည်..
ဝမ်လီချန်..စတိတ်ပေါ်က ဆုတင်ထားရာ စင်သို့ လျှောက်သွားကာ.. အရှေ့ဖက် လှည့်လာလေသည်။ ပရိုဂျက်တာပေါ်မှာ... သူ့ရဲ့ ချောမောလှသော ရုပ်သွင် ထင်ဟပ်လို့နေသည်..

STAI LEGGENDO
CEO AND THE ACTRESS
Storie d'amoreLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...