လစ်ဆီ့ နောက်စေ့က ဒဏ်ရာတော်တော်လေး သက်သာလာပြီ.. ဒီဒဏ်ရာကြောင့် သူ ခေါင်းမလျှော်ရတာ ဘယ်နှရက်တောင်ရှိနေပြီလဲ.. အလှအပ ကြိုက်သော လစ်ဆီ့အတွက် ဒါက တကယ့် ထိုးနှက်ချက်ပင်.. ပြီးတော့ ကိုယ် သဘောကျတဲ့ အမျိုးသား အရှေ့မှာ ဘယ်သူကများ ရုပ်ဆိုးချင်မှာလဲ..
"ကျမ ခေါင်းလျှော်ဖို့ လိုနေပြီ.. ကျမ ခေါင်းလျှော်မယ်"
ညစာစားနေသည့်အချိန်မှာ လစ်ဆီ ပြောလိုက်လေသည်.. ဝမ်လီချန် က သူ့ကို မျက်လုံးပင့်ကြည့်လိုက်ပြီး
"ကိုယ် လျှော်ပေးမယ်"
"တကယ်လား.. ကောင်းလိုက်တာ.. ရှင့်ကိုတော့ အလုပ်ရှုပ်စေမိပြီ"
လစ်ဆီက တခစ်ခစ်ရီလိုက်သည်.. သူ တကယ် ပျော်နေပြီလေ..
ညနေစာ စားပြီးသည်နှင့် လစ်ဆီ ဝမ်လီချန် အခန်းထဲ အပြေးသွားလေသည်.. ဝမ်လီချန် ခုံတခုယူပြီး ရေချိုးခန်းထဲ သွားလိုက်သည်.. သူထိုင်လိုက်ပြီး .. လစ်ဆီက သူ့ပေါင်ပေါ်အိပ်ကာ ဆံပင်ကို ရေချိုးကန် ဖက် ထားလိုက်လေသည်..
လစ်ဆီ နဲနဲတော့မျက်နှာပူမိသည်.. ဒီလိုကြီး ပေါင်ပေါ်အိပ်တော့.. သူ့ရဲ့.. ညီလေးနဲ့ နီးနီးကပ်ကပ်ကြီး.. ပြီးတော့ သူတို့ ပထမဆုံးအကြိမ် ဆုံတွေ့မှုကို သတိရသွားသည်.. လစ်ဆီ့သူ့ တဘက်ကို ဆွဲယူလိုက်သည့်အချိန်.. အဝတ်မပါသော သူ့ကိုယ် ခန္ဓာကြီး.. ... ခုထိ လစ်ဆီ မျက်နှာ ပူ နေသလို ခံစားလိုက်ရသည်.
လီချန် လက်တဖက်နှင့် လစ်ဆီခေါင်းကို ထိန်းပြီး ခေါင်းလျှော်ပေးလေသည်.. ဒဏ်ရာကြည့်လိုက်တော့.. တော်တော်လေး ခြောက်နေပြီ..
လစ်ဆီ .. မျက်စိမှေးရင်း ဝမ်လီချန်ကို ငေးကြည့်နေသည်.. အိပ်နေရင်း မြင်ရသည့် မြင်ကွင်းက မေးစေ့က နေ.. သို့ပေမဲ့. ဝမ်လီချန် မျက်နှာပေါက်က ဘယ်ဖက်ကနေကြည့်ကြည့် ချောမောလွန်းလှသည်..
သေသပ်သော မေးစေ့... နှုတ်ခမ်းက ထိကပ်နေပြီး.. မျက်လုံးက ပင်လယ်လိုနက်ရှိုင်းနေလေသည်.. သူ့လက်ရဲ့ လှုပ်ရှားမှုတွေလိုပဲ မျက်လုံးတွေက နှူးညံ့လေသည်..
"သက်တောင့်သက်သာ ရှိလိုက်တာ... ကျမ ဆံပင်တွေ တအား ညစ်ပတ်နေလားဟင်"
YOU ARE READING
CEO AND THE ACTRESS
RomanceLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...