မီးရောင်အောက်က လီချန်မျက်နှာကို ကြည့်ရင်း... သူ့နှလုံးသားက ပိုပိုပြီး ခုန်လာသလိုလို.. သူ့နှလုံးသားထဲအထိ လစ်ဆီ မမြင်နိုင်ပေမဲ့.. သူ့အသွင်အပြင် က အမျိုးသမီးတွေရဲ့ နှလုံးသားကို လှုပ်ကိုင်နိုင်လေသည်။
"ရှင့်အချစ်ကို ကျမ လက်မခံသေးပေမဲ့.. ကျမကို အချိန် ပေးအုံးလေ.. ကျမတို့ ဖြည်းဖြည်းချင်း သွားကြတာပေါ့"
လစ်ဆီ သူ့လက်ကို ပြန်ဆွဲယူပြီး ပြောလိုက်သည်။ လီချန် လစ်ဆီ့လက်ကို ပြန်လွတ်မပေးပဲ.. အသံနှိမ့်နှိမ့်နှင့် မေးလိုက်သည်။
"ကိုယ့်ကို အချိန် အကန့်အသတ် တခုတော့ ပေးလေ.. ကိုယ် စောင့်ရမှာက တနှစ်လား .. နှစ်နှစ်လား.. ဒါမှမဟုတ် သုံးနှစ် ကနေ ငါးနှစ်လား"
လစ်ဆီကြောင်သွားသည်.. ဒီလို ကိစ္စက အချိန် အကန့်အသတ်လဲရှိတာလား.. သူ မျက်တောင် ခတ်လိုက်ပြီး
"ကျမ မသိဘူးလေ"
"ဒါဆို ကိုယ် အချိန် သတ်မှတ်လိုက်မယ်.. တကယ်လို့ တနှစ်အတွင်း မင်းကိုယ့်ကိုမချစ်သေးဘူး.. လက်မခံသေးဘူး ဆိုရင်... ထပ်စဉ်းစားစရာ မလိုတော့ဘူး.. ကိုယ့်ကို တခါတည်း လက်ထပ်လိုက်တော့"
"ဟာ.."
လစ်ဆီ လန့်သွားသည်.. ဒီလူကတော့ အဲ့လောက်ကြီးတောင် အာဏာ ရှင် ဆန် တာလား.. ဒီလို အချစ်ကို တောင်းခံ ရတယ်လို့ မကြားဖူးပါဘူး.. လစ်ဆီက သူ့အပိုင်ကြီးလား..
"ကျမ.. "
လစ်ဆီ ဘာဆက်ပြောရမှန်းမသိတော့..
"ဒါဆိုလဲ ဒီလိုပဲ သတ်မှတ်လိုက်တော့မယ်.. မင်း စဉ်းစားဖို့ အချိန် တနှစ်ပေးမယ်.. တနှစ်ပြည့်ပြီ.. ဆိုတာနဲ့ .. အဖြေက ဘာပဲ ဖြစ်ဖြစ် မင်ဂလာဆောင်ဖို့ ကိုယ် စီစဉ်လိုက်တော့မယ်.. ဝတ်စုံကော.. လက်စွပ်ကော ကိုယ် စီစဉ်လိုက်တော့မယ်.. ဟုတ်ပြီလား"
ဝမ်လီချန် လစ်ဆီကို ပြုံးပြပြီး သူ့လက် လွတ်ပေးလိုက်လေသည်။ သူ့လက်တွေ လစ်ဆီ လက်ပေါ်ကနေ ဖယ်သွားသည့်အချိန် .. ဘာကြောင့်ရယ်မှန်းမသိ.. လစ်ဆီ ရင်ထဲ လစ်ဟာသွားသလိုလို.. သူ လစ်ဆီ ကို တကယ်ပဲလက်လွတ်လိုက်မှာ ကြောက်သွားသလိုလို.. လစ်ဆီရဲ့ အတွေးသေးသေးလေးကိုတော့ သူမမြင်အောင် ဟန်ဆောင်ပြုံးလိုက်လေသည်။

YOU ARE READING
CEO AND THE ACTRESS
RomanceLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...