72

131 11 1
                                        

လစ်ဆီ ဆေးရုံ ကနေထွက်လာတော့ ပရိသတ်တွေက ဝေးဝေးကနေသာ ကြည့်နိုင်တော့သည်.. လစ်ဆီ့ ဘေးက လူကို တော့ သူတို့ ကြောက်သည်လေ.. လစ်ဆီ ဒဏ်ရာရသွားတာ သူတို့ကြောင့်.. ဆိုပြီး တာဝန်မကင်းသလိုခံစားရသည်.. ဝေးဝေးကနေ လှမ်းကြည့်ပြီး .. သူတို့ နတ်ဘုရားမ အဆင်ပြေတယ် ဆိုရင်ကို သူတို့ ကျေနပ်ပြီ.. 

ကားပေါ်ရောက်တော့.. ဝမ်လီချန် လစ်ဆီ့ကို ဖက်ထားလေသည်.. လစ်ဆီ့ ဝမ်လီချန် ရင်ခွင်ထဲမှီပြီး.. မော့ကြည့်လိုက်သည်.. 

"ဒီတခေါက်ဒဏ်ရာရတာက တန်သွားပြီ ပြောရမယ်.. ကြည့်လေ.. ဖေဖေ က ကျမ လွတ်လပ်ခွင့်ကို မပိတ်ပင်တော့ဘူး"

ဝမ်လီချန် က လစ်ဆီ့နှဖူးကို တောက်လိုက်ပြီး.. 

"ဒီလို ဒဏ်ရာ ရတာထက် ကိုယ်ပဲ မင်းဖေဖေ သဘောတူဖို့ ကြိုးစားချင်တာ"

လစ်ဆီက သူ့ကို မျက်စိတဖက်မှိတ်ပြလိုက်ပြီး.. 

"ဒီကိစ္စ က ရှင်အများကြီး တွေးနေရ လုပ်နေရ အုံးမယ်.. ကျမက တခုပဲ လုပ်ရမှာလေ.. ဟုတ်ဘူးလား"

ဝမ်လီချန် လစ်ဆီ့အပြောမှာ တော်တော်ကျေနပ်သွားသည်.. သူ တိုးတိုးလေး ရီလိုက်ပြီး 

"ကြည့်ရတာ..  မင်းက ပိုလို့တောင်.. စိတ်အားထက်သန်နေတာပဲ"

လစ်ဆီ မျက်နှာ ရဲသွားသည်.. သူ မသိသလို့ ဟန်ဆောင်လိုက်ပြီး

"ဟင်.. ကျမ က ဘာအတွက် စိတ်အားထက်သန်တာလဲ"

"ကိုယ်နဲ့ လက်ထပ်ဖို့လေ"

"မဟုတ်ပါဘူး"

လစ်ဆီ ဝန်ခံဖို့ လီချန် ကလဲ ဖိအားမပေးတော့.. သူ လစ်ဆီ့ကို ပဲ ခပ်တင်းတင်း ဆွဲဖက်လိုက်သည်.. လစ်ဆီ ခေါင်းမော့ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး 

"ဒါ.. ကျမ အိမ်ဖက် ပြန်တဲ့ လမ်းမှ မဟုတ်တာ"

"မင်းအိမ်ပြန်မယ်လို့ ဘယ်သူ့က ပြောလို့လဲ.. မင်းလို ဒဏ်ရာ ရနေတဲ့သူက တယောက်ထဲနေလို့ ဘယ်အဆင်ပြေမလဲ"

"ဒါဆို.. ရှင့်အိမ်သွားမှာ လား"

"မင်းပဲ ကိုယ့် အိမ်ကို အပိုင်သိမ်းချင်တယ်ဆို.. ကိုယ်နဲ့ လက်မထပ်သေးရင်တောင်မှ.. အိမ်က မင်းအတွက်ပဲ"

CEO AND THE ACTRESSOù les histoires vivent. Découvrez maintenant