21

166 14 4
                                        

အားလုံးမတ်တပ်ရပ်လိုက်သည့်အချိန် ခဏက သွေးနှောအမျိုးသမီးက ဝမ်လီချန် ကို ဆွဲဆောင်သော အကြည့်ဖြင့် ကြည့်လိုက်သည်.. သူ ဝမ်လီချန် အချစ် .. စိတ်ဝင်စားမှုကို ရအောင် ကြိုးစားချင်သည်.. တကယ်လို့ ဝမ်လီချန်သာ သူ့ကို စိတ်ဝင်စားလျှင်.. အနာဂါတ်မှာ အခွင့်အလမ်းတွေ အများကြီး ရလိမ့်မည် လို့ သူထင်လေသည်။ 

သို့ပေမဲ့ ဝမ်လီချန် အကြည့်က လစ်ဆီ ဆီမှာသာ.. 

"ကိုယ်နဲ့ တူတူ လမ်းသွားလျှောက်ရအောင်"

"အင်း.. ကျမလဲ ပျင်းနေတာ"

လစ်ဆီလဲ ဝမ်လီချန်ပြောတာကို သဘောတူလိုက်ပြီး သူနှင့် တူတူ ဓါတ်လှေကား ဆီသို့ လျှောက်သွားကြသည်။ နောက်ဆုံးတော့ ပျင်းစရာကောင်းသော လောင်းကစားဝိုင်းကနေ ထွက်လာနိုင်ပြီပေါ့..  ဓါတ်လှေကားမှာ ဘယ်သူမှ မရှိပေ..  သူတို့လို လောင်းကစားသမားတွေသာ .. အားလပ်ချိန်ယူပြီး ရှူခင်း ကြည့်ဖို့ စိတ်ကူးရှိလေသည်.. ကျန်သည့် လောင်းကစားသမားတွေကတော့ သဘော်ပေါ်က လောင်းကစားဝိုင်းတွင်သာ အာရုံရှိနေပြီး.. ငွေ ပြန်ရဖို့ အသည့်အသန် ကစားနေသည်.. ဘယ်လိုလုပ်ပြီး.. အပြင်ရှူခင်းကြည့်ဖို့ စိတ်ပါနိုင်မလဲ.. 

ဓါတ်လှေကားက အပေါ်ဆုံး ထပ်မှာ ရပ်သွားသည်.. အပေါ်ဆုံးထပ်က ကျယ်လွန်းတော့ လစ်ဆီမှာ ပါးစပ် ဟ သွားလေသည်။ ဘားကနေ ထွန်းထားသော အနီရောင်နီရွန်မီးများ လင်းနေပြီး သဘော် ပေါ် လာသော သူတိုင်း ဒီမှာ အခမဲ့ သောက်နိုင်လေသည်.. 

ဒီမှာ လူအများကြီး မရှိပေမဲ့ လေထုက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းနေလေသည်။ လစ်ဆီ စိတ်ရှုပ်နေတာတွေ လျော့သွားပြီး သောက်စရာ တခု မှာလိုက်သည်။း ဝမ်လီချန်ကလဲ လစ်ဆီ့ဘေးမှာနေပြီး ဝိုင်နီတခွက် မှာလိုက်လေသည်။ 

ခန‌နေတော့ သူတို့နှစ်ယောက် သောက်စရာ ကိုယ်စီနှင့် ကုန်းပတ် ထိပ်နားသွားကြလေသည်.. ထိုနေရာ က ဆိုဖာတွေပေါ်မှာ အတွဲတွေလဲ ရှိနေပြီး .. တယောက်ကို တယောက်နမ်းနေကြလေသည်.. လွန်လွန်ကျူးကျူးကြီးတော့မဟုတ်.. 

လစ်ဆီမျက်နှာလေး နှင်းဆီပန်းခင်းလေး ဖြတ်သွားသည်..  လစ်ဆီ ထိုင်ခုံမှာ ထိုင်လိုက်ပြီး သဘော်ကို ရိုက်ခတ်လာသော ရေလှိုင်းများကို ကြည့်နေလေသည်.. တိုးတိုးလေး ပျံ့လွင့်လာသော သီချင်းသံကလဲ သက်တောင့်သက်သာ ရှိစေလေသည်။ 

CEO AND THE ACTRESSWhere stories live. Discover now