49

116 7 0
                                        

ရုပ်ရှင်ရုံတခုလုံးက တိတ်ဆိတ်နေသောကြောင့် လစ်ဆီ အသံ မထွက်ရဲ.. မျက်လုံးဖြင့်သာ ကြည့်ပြီး မေးလိုက်လေသည်..

ခနနေတော့ လီချန် လက်က လစ်ဆီ နား ဆီသို့ရောက်သွားကာ လစ်ဆီ မသိသည့် အချိန် အတွင်းမှာပင်.. Mask ချွတ်ခံလိုက်ရသည်.. ဒီလူတော့.. 

mask ပြန်တပ်ဖို့ လစ်ဆီ လုပ်လိုက်သည့်အချိန်မှာပင်.. ဝမ်လီချန်က ကိုင်းချလာပြီး .. မကြာမှီ လစ်ဆီ့နှုတ်ခမ်းသိမ်းပိုက်ခြင်း ခံလိုက်ရတော့သည်..

"အာ.. "

လစ်ဆီ စိတ်တွေ အမှောင်ကျသွားသည်.. ဒီလူဘာလုပ်တာလဲ.. ဒီလို လူအများကြီး ရှိနေတဲ့ နေရာမှာလေ..

သို့ပေမဲ့ ရုပ်ရှင်ရုံတခုလုံးက မှောင်နေသည့်အပြင်.. အတွဲခုံ ဆိုတော့ ဘေးကနေလဲ လှမ်းမမြင်.. ထို့ပြင် အားလုံးက ဇတ်ထဲ မျောနေသောကြောင့် သူတို့နှစ်ယောက်ိကို ဘယ်သူမှ စိတ်မဝင်စားပေ..

လစ်ဆီ အသက်ရှူမြန်လာသည်.. သူ့နှုတ်ခမ်းတခုလုံး.. ထိုလူ စုပ်ယူခြင်းကို ခံလိုက်ရသည်.. ထိုလူက စုပ်ယူရုံ အားမရတော့ပဲ အဆင့်တက်ခြင်လာသည်..

လစ်ဆီမှာ မူးမေ့မတတ်.. သူ့အနမ်းကို ရှောင်ရအောင်ကလဲ.. သူ့လက်ကြီးနှင့် လစ်ဆီ့ခေါင်းကို ထိန်းထားသောကြောင့် လစ်ဆီမှာ မလူးသာ မလွန့်သာ.. သူ့အကျ ကော်လာကိုသာ တင်းတင်း ဆုပ်ကိုင်ပြီး.. အသံ ထွက်မလာအောင် လစ်ဆီ ကြိုးစားနေရသည်..

ပိတ်ကားပေါ်တွင်.. ဇတ်လမ်းပြီးဖို့ သိပ်မကျန်တော့..

လစ်ဆီ .. ရှူခင်းပုံ ဆွဲနေသည့်အချိန်.. မင်းသားက ပျံတက်သွားသော မီးပုံပျံများကြားမှာ.. မင်းသမီးကို ချစ်ခွင့်ပန်လေသည်.. မင်းသမီးက ပန်းချီစုပ်တံကို ကိုင်ပြီး ငေးကြည့်နေလေသည်.

နောက်ဆုံးတော့ အချိုဆုံး အပိုင်း ရောက်လာသည်..  ပြီးတော့ တယောက်နှင့် တယောက်..

နှစ်ယောက်သား အိပ်ရာပေါ်မှာ လူးလွန့်နေသည့် ပုံ ထွက်နေပေမဲ့ ရိုက်သည့် အချိန်တွင်..နှစ်ယောက်သား ဝတ်စုံ ပြည့် ဝတ်ထားသားပင်..

ထို့ပြင်.. မင်းသားက လစ်ဆီလည်ပင်းကို နမ်းလိုက်သည့်ပုံ.. . သူတို့လက်တွေ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည့် ပုံရိပ်.. .. ကြည့်သူတွေကို အဆုံးစွန်ဆုံးထိ စိတ်ကူးယဉ်သွားစေသည်..

CEO AND THE ACTRESSWhere stories live. Discover now