လစ်ဆီ အိမ်က ထွက်ပြီး အိမ်နားက ကော်ဖီဆိုင်ကို တန်းသွားလိုက်လေသည်.. သူ့မှာ ရည်းစား ခိုးထားရတဲ့ အထက်တန်းကျောင်းသူလိုပင်..
နေကာမျက်မှန်ကြီးကြီးတပ်.. MASK တပ်.. ပြီးတော့ ဦးထုပ်ကြီးကြီးကိုပါ ဆောင်းထားလေသည်... လစ်ဆီ ကော်ဖီဆိုင်ထဲ ဝင်သွားသည်နှင့် ဝိတ်တာက လစ်ဆီ့နားလာပြီး
"စု မမလေး ဟုတ်ပါသလားရှင့်"
"ဟုတ်ပါတယ်"
လစ်ဆီ ပြန်ဖြေလိုက်ပြီး ဆိုင်ကို လှည့်ပတ်ကြည့်လိုက်သည်.. ဒီနေ့ဘာနေ့ပါလိမ့်.. ဆိုင်မှာ လူကို မရှိပါလား.. လစ်ဆီ တွေးနေသည့်အချိန်မှာပဲ
"စု မမလေး.. ဒီဖက်ကြွပါရှင်.. ဧည့်သည် တော် က ဒီဖက်မှာ စောင့်နေပါတယ်"
ပြတင်းပေါက်နားက အတွင်းဆုံး အပိုင်းတွင် ရှိသော နေရာ သို့ လိုက်သွားရလေသည်.. ထိုနေရာကို အကန့်လေး တကန့်ကန့်ထားသောကြောင့်.. အထဲဖက်ကို တော့ မမြင်ရ.. သူ့ဘာသာသူ သီးခြားရှိနေသော နေရာ ဖြစ်လေသည်
နေကာ မျက်မှန်တပ်ထားသော သူ ကို လစ်ဆီ ကြည့်လိုက်သည်.. ညနေခင်းနေရောင် က သူ့အပေါ်ထိုးကျနေပြီး.. နာရီကနေ နေရောင် ပြန်ဟပ်နေလေသည်..
ဆွဲဆောင်မှုရှိနေသော ပုံရိပ်ကြောင့် လစ်ဆီ ကို လိုက်ပို့သော ဝိတ်တာ က ကြည့်ပြီး ရင်ခုန်သွားရသည်.. လစ်ဆီ သူ့ကို ပြုံးပြလိုက်သည်..
အေးစက်စက် ဖြစ်နေသော မျက်နှာကလဲ လစ်ဆီ့ကိုတွေ့လိုက်သည်နှင့် ပြုံးသွားကာ.. သူ့နေကာမျက်မှန် ကိုချွတ်လိုက်တော့ သူ့မျက်နှာကျပုံ မျက်လုံး တွေ ပိုထင်းလာပြီး ဝိတ်တာ မှာ အကြည့်မလွဲနိုင်တော့.
ဝမ်လီချန်ကို စိုက်ကြည့်နေသော ဝိတ်တာကို ကြည့်ပြီး လစ်ဆီ ယဉ်ယဉ်ကျေးကျေးပင်ပြောလိုက်သည်..
"ကာပူချီနို တခွက်ပေးပါ.. ကျေးဇူးတင်ပါတယ်"
ဒီဆိုင်က ကော်ဖီ ကို လစ်ဆီ တကယ် ကြိုက်လေသည်.. တခါတလေ မရီရာ ကို လွတ်ပြီးတောင် လာဝယ်ခိုင်းသည့်အထိ.. ဝိတ်တာ ထွက်သွားသည်နှင့် လစ်ဆီလဲ နေကာမျက်မှန် ချွတ်ပြီး ဦးထုပ်ကို လဲ ချွတ်ကာ ဘေးဖက်မှာ ထားလိုက်သည်,,

YOU ARE READING
CEO AND THE ACTRESS
RomanceLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...