63

107 9 0
                                        

ဝမ်လီချန် ကလဲ ညစာ မစားရသေးသောကြောင့်.. သူလဲ ဗိုက်ဆာလာပြီ.. လစ်ဆီ့ကို ကြည့်ရတာ လဲ ဗိုက်ဆာနေပြီဆိုတော့ လစ်ဆီ ပြောတာကို သဘောတူလိုက်တော့သည်.. 

"ဟုတ်ပြီလေ.. ကိုယ်လဲ စား မယ်"

လစ်ဆီဖုန်းဆက်ပြီး သူစားချင်တာတွေ မှာလိုက်သည်.. ပြီးနောက် အခန်းက တိတ်ဆိတ်သွားပြန်လေသည်.. ဝမ်လီချန် က ရွှေရောင်အရုပ်လေးကို ကောက်ကိုင်ပြီး .. 

"ဒီဆုက မင်းနဲ့ ထိုက်တန်ပါတယ်.. "

"ရှင့်ကြောင့်ရတာပဲ မလား"   ခပ်တည်တည်ကြီးနှင့် လစ်ဆီ ပြောလိုက်သည်..  

ဝမ်လီချန်ကတော့ ဟုတ်တယ်လဲ မပြော မဟုတ်ဘူးလဲ မပြော.. 

"ကိုယ်က ကိုယ့်အမျိုးသမီးကို ပေးချင်တာလေ.. ဘယ်သူက ဆန့်ကျင်ရဲလဲ"

လစ်ဆီ က မျက်နှာကို တခြားဖက်လှည့်လိုက်ပြီး 

"ဘယ်သူက ရှင့်အမျိုးသမီးလဲ"

"ကိုယ့်အမျိုးသမီး နာမည် က လစ်ဆီတဲ့.. ကိုယ့် ကုမ္ပဏီ အောက်မှာ ရှိတဲ့.. သာမာန် ရုပ်ရှင်မင်းသမီး.. သူက ချောတယ်.. အသားဖြူတယ်.. ခြေတံရှည်ရှည်ရှိတယ်.. ပြီးတော့ နဲနဲ အ တယ် .. သူ့မှာ အားနည်းချက်ဆိုလို့.. စိတ်တိုလွယ်တာပဲ ရှိတယ်"

ရှင်းလဲ့ဟန် က ခပ်တည်တည်နှင့် မိတ်ဆက်ပေးလိုက်လေသည်..  လစ်ဆီ က သူ့ကို မကျေမနပ် ကြည့်လိုက်ပြီး 

"ရှင်က ကျမကို လအ လို့ ပြောတာပေါ့လေ"

"အင်း ... ကြည့်လေ အခုလောက်ကို အ တာ.. တကယ်လို့ ကလေးတွေက ကိုယ့်ဖက် မလိုက် လို့ရှိရင်.. သူတို့ IQ အတွက် စိတ်ပူစရာပဲ"

ဝမ်လီချန် က ရီပြီး ဆက်စလိုက်သည်.. 

ရုတ်တရက်ကြီး လစ်ဆီ သူ့လက်ထဲမှာ ရှိသော ခေါင်းဦးနှင့် ဝမ်လီချန် ကို ပစ်ပေါက်လိုက်သည်.. 

"ရှင်က အရှက်ကွဲ မှာ စိုးတာပေါ့"

"မင်းသူငယ်ချင်းမှာ သားလေး ရှိတာ အားမကျဘူးလား.. အမှန်တိုင်း ဝန်ခံရရင် ကိုယ်တော့ အားကျတယ်.. ကိုယ်လဲ အဲ့လို ချစ်စရာ ကောင်းတဲ့သားလေး တယောက်လောက်လိုချင်တယ်.. ကိုယ့်ကို ပြောပါအုံး ဘယ်တော့ ကလေး ယူကြမလဲ"

CEO AND THE ACTRESSWhere stories live. Discover now