36

158 9 0
                                        

ပုံမှန် သာမာန်လူအတွက်ဆိုလျှင်.. လျော်ကြေးပေးလိုက်ပြီးသည်နှင့် ကိစ္စတွေက ပြီးသွားနိုင်ပေမဲ့.. မင်းသမီး တယောက်အတွက်ကတော့ ပိုပြီး ပြသနာတက်နိုင်လေသည်။

လစ်ဆီဖုန်းယူပြီး အင်တာနက် ဖွင့်လိုက်သည်။ ဆယ်မိနစ်အတောအတွင်းမှာပင်.. သူ့သတင်းတွေက တော်တော်ကြီးကို ပျံ့သွားပြီ.. သတင်းခေါင်းစဉ်ကြီးကလဲ နတ်ဘုရားမအသစ်က အရက်သောက်ကာ ကားမောင်းတာ ဖြစ်နိုင်ကြောင်း.. ကားပိတ်ဆို့မှုကို ပင် ဖြစ်သွားစေကြောင်း တွေ.. 

လစ်ဆီမှာ တခုပြီး တခုဖတ်ရင်း ... စိတ်ပိုတိုလာသည်။ ဒေါသထွက်လွန်းလို့ မျက်နှာပင် ပုပ်သိုးသိုးဖြစ်လာလေသည်။ လစ်ဆီဖုန်းကိုင်ရင်း ဖြစ်ပျက်နေတာကို လီချန်ကြည့်ပြီး မျက်မှောင်ကြုတ်ကာ

"အင်တာနက်ပေါ်မှာ ဘာပြောလို့လဲ"

"ကျမက အရက်သောက်ပြီးကားမောင်းတာလို့ ပြောခံရတာ.. "

စိတ်ဓါတ်အကြီးအကျယ်ကျနေသည့်ပုံစံဖြင့် လစ်ဆီပြောလိုက်လေသည်။ လီချန် မျက်မှောင်ကြုတ်ပြီး လမ်းတခုထဲ ချိုးလိုက်ကာ ရပ်လိုက်လေသည်။ လစ်ဆီလဲ လန့်ပြီး လီချန်ဖက်လှည့်ကာ မေးလိုက်လေသည်.

"ရှင်.. ဘာလုပ်မလို့လဲ"

လီချန် ဖုန်းကို ယူပြီး နံပါတ်တခုကို နှိပ်လိုက်ကာ ခေါ်လိုက်သည်။ တဖက်မှ ကိုင်လိုက်သည်နှင့်

"လစ်ဆီကို တိုက်ခိုက်တဲ့ အကောင့်တွေ အကုန်ပိတ်ပြစ်.. ပြီးတော့ တနိုင်ငံလုံးမှာရှိတဲ့ မီဒီယာတွေကို သတိပေးလိုက်ပါ.. ဒီကိစ္စနဲ့ ပါတ်သက်ပြီး ဘယ်သူမှ သတင်းတင်ခွင့်မရှိဘူးဆိုတာ.. " လီချန်က အေးစက်စက်ပြောလိုက်လေသည်။

သူ့အသံက တောင်းဆိုနေသည့်ပုံမပေါက်.. အမိန့်ပေးနေသည့်ပုံ.. တကယ့်ကို လုံးဝ အမိန့်ပေးနေတာ..  လစ်ဆီ မျက်လုံးပြူးသွားသည်။ ဒီလောက်ထိ အာဏာရှိနေသည့်ပုံကို ကြည့်ပြီး .. ဒီလူက ဘယ်သူပါလိမ့်. . ပြန်လှန်မပြောရဲနိုင်အောင်အာဏာ ရှိနေပုံ..  ပြီးတော့ ဒီလူက သူ့ရဲ့ ပြသနာကို ကူရှင်းပေးနေတာ.. 

စကားပြောပြီးသည်နှင့် သူ့ကို ပါးစပ်လေးဟပြီးကြည့်နေသည့် အမျိုးသမီးဖက်လှည့်ကာ

CEO AND THE ACTRESSWhere stories live. Discover now