9

164 10 1
                                        

ဓါတ်ပုံ အရိုက်ခံရသည်ကို လစ်ဆီ ရိပ်မိလိုက်တော့ ခေါင်းကို ချက်ချင်းငုံ့ချလိုက်ပြီး ခပ်သွက်သွက်လေး လျောက်သွားလိုက်သည်။ ထိုပုံကိုလဲ ပါပါရာဇီက‌ သေချာလေး ရိုက်လိုက်လေတော့သည်။ လစ်ဆီက ကားနား လျှောက်သွားလိုက်လေသည်။ တိုက်တိုက်ဆိုင်ဆိုင်.. လီချန်ကားကလဲ လစ်ဆီကားနှင့် ယှဉ်လျက်.... လစ်ဆီကားပေါ်တက်ပြီး လီချန်ကို နှုတ်ဆက်ကာ မောင်းထွက်သွားလေတော့သည်။ 

လီချန်ကလဲ ကားနောက်လိုက်ကာ မောင်းထွက်လိုက်သည်။ 

ထမင်းကျွေးတာ အောင်မြင်သွားပြီ.. လို့ ပြောလို့ ရလေသည်။ 

နောက်တနေ့... 

ဝမ် အိမ်တော်တွင်.. 

ရိနို က အနုပညာသတင်းများကို စိတ်ဝင်စားသူ တယောက်.. သူကလဲ သရုပ်ဆောင်ရတာ ဝါသနာ ပါပြီး ကြယ်ပွင့်လေး တပွင့် ဖြစ်ဖို့က သူ့အိပ်မက်ပင်.. လစ်ဆီကို တွေ့ပြီးနောက် ပိုသဘောကျသွားပြီး လစ်ဆီသတင်းတွေ လိုက်ဖတ်ရတာ သဘောကျလေသည်။ 

ဒီနေ့ အိပ်စာလုပ်ပြီးသည်နှင့် အိပ်ရာပေါ်အိပ်ပြီး ဖုန်းဖွင့်ကာ လစ်ဆီ သတင်းများကို အရင်ရှာလိုက်သည်။ top search မှာ တက်လာသည်က .. လစ်ဆီနှင့် သူ့ချစ်သူ... ရိနို မှာ နှလုံးပင် တုန်သွားလေသည်။ သူ သတင်းကို ဖွင့်ကြည့်လိုက်သည်။ လစ်ဆီရဲ့ ချစ်သူက ဘယ်လိုပုံစံပါလိမ့်.. ရိနိုမှာ စာတွေကို ဖတ်မနေတော့ပဲ ပုံကိုပဲ ချက်ချင်း ဆွဲကြည့်လိုက်သည်။ ပုံကို ကြည့်ပြီး ရိနိုမှာ မျက်လုံး ပြူးသွားလေသည်။  

ဘုရား... မမလစ်ဆီ ရဲ့ ချစ်သူကောင်လေး ဆိုတာက ကိုကြီး လီချန်ပါလား.. ရိနို ချက်ချင်းထပြီး ဖုန်းယူကာ အခန်းပြင် ထွက်သွားလေတော့သည်။ အောက်ထပ်ဆင်းသွားပြီး .. 

"အန်တီရေ.. အန်တီဝမ်.. " 

ဝမ်ကတော်က မီးဖိုချောင်ထဲမှ ထွက်လာလေသည်။ ရိနို အသံကြားလိုက်တော့ တခုခု ဖြစ်ပြီ ထင်လိုက်လေသည်။ 

ရိနို.. ဘာဖြစ်တာလဲ.. "

"အန်တီဝမ်.. သတင်းကောင်းပြောစရာ ရှိလို့.. ကိုကြီးလီချန်မှာ ကောင်မလေး ရှိပြီတဲ့.. ပြီးတော့ သူက အရမ်းချောတာ.. " 

CEO AND THE ACTRESSWhere stories live. Discover now