19

154 10 0
                                        

"ဟုတ်ပြီလေ.. မကြည့်နဲ့ ဆိုလဲ မကြည့်တော့ပါဘူး.. ကျမဖုန်းပြန်ပေး"

ပြောပြီးသည်နှင့် လစ်ဆီ ဖုန်းယူဖို့လက်လှမ်းလိုက်လေသည်။ ဖုန်းဆိုတာက ကိုယ်ပိုင် ပစ္စည်းလေ.. သူ့ရဲ့ ကိုယ်ပိုင်အကန့်တွေနဲ့.. ဉပမာ ရုပ်ဆိုးဆိုးပုံတွေလဲ ရှိတတ်တယ်မလား.. 

"စားပြီးရင် ပြန်ပေးမယ်"

ဝမ်လီချန်က ဖုန်းကို စားပွဲထောင့်မှာ ထားလိုက်ပြီး လစ်ဆီကို ပြန်မပေးပေ..  လစ်ဆီမှာ ဘာပြန်ပြောရမလဲ မသိတော့.. သူ့မှာ ကြည့်စရာဖုန်းလဲမရှိတော့.. သူနဲ့လဲ ပြောစရာ ဘာမှ မရှိ.. ထို့ကြောင့် စားပွဲပေါ်က ဖယောင်းတိုင်မီးလေးကိုသာ စိတ်ဝင်တစားကြည့်လိုက်သည်။ ရုတ်တရက် သူ သိချင်စိတ်နှင့် ဖယောင်းတိုင်ကို မှုတ်လိုက်လေသည်. 

ကလေးလေးလို လုပ်နေတဲ့ လစ်ဆီကို ဝမ်လီချန် စိုက်ကြည့်လိုက်သည်။ တော်တော်လေး ရီစရာကောင်းတာပဲ.. 

လစ်ဆီ ဖယောင်းတိုင်ကို အားနှင့် မှုတ်လိုက်သည့်အချိန် မီးကခဏငြိမ်းသွားသည်.. လစ်ဆီ ခဏတော့ အံ့အောသွားပြီး .. ဘာလုပ်ရမှန်းမသိတော့

"ရှင့်မှာ မီးခြစ်ရှိလား"

"ကိုယ်ဆေးလိပ်မသောက်တတ်ဘူး"

လစ်ဆီလဲ ဖုယောင်းတိုင်တွေကိုမဆော့တော့ပေ.. ဝိတ်တာက အစားအစာလာချသည့်အချိန် ဖုယောင်းတိုင်တတိုင်သာ မီးလင်းတော့တာကို တွေ့ပြီး သူ့အိပ်ကပ်ထဲ က မီးခြစ်ကို ထုတ်ပြီး ထွန်းလိုက်လေသည်။ ဖယောင်းတိုင်အလင်းတွေက ဝမ်လီချန်မျက်နှာကို လင်းသွားစေပြီး ဆွဲဆောင်မှုအပြည့်ပင်.. 

ငေးကြည့်နေတာကို လစ်ဆီ ရုတ်သိမ်းလိုက်ပြီး အရှေ့က စတစ်ကို စားလိုက်လေသည်။ 

ခုနှစ်နာရီလောက်မှာ ဝမ်လီချန် ဖုန်းမည်လာပြီး သူတို့နှစ်ယောက် တူတူ ထွက်ခဲ့လေသည်။  ဝမ်လီချန် နှင့် ချိန်းထားသော သူငယ်ချင်းများ ဆိသို့..  

ထွက်ခွါတော့မည် ..အပျော်စီး သင်ဘော မှာ ဖြစ်လေသည်။ ဒီညအတွက်တော့ ဒီမှာ တွေ့ဆုံပွဲ ရှိပြီး တရားဝင် လောင်းကစားပွဲလဲ ရှိလေသည်. .. ဒီပေါ်မှာက လောင်းကစားက တရားဝင်ဖြစ်လေသည်. 

CEO AND THE ACTRESSWhere stories live. Discover now