လီချန် က မီနူးကို ကြည့်ပြီး သူ့အကြိုက်ဟင်းလျှာများကို မှာလိုက်သည်။ ဟိုးတခေါက်တုန်းကလို တမင်သက်သက် ဈေးကြီးတဲ့ ဟင်းများကို မမှာတော့.. မှာပြီးသည်နှင့် ဟင်းပွဲ နှစ်ပွဲ မှာနေသော လစ်ဆီ ကို ကြည့်နေလိုက်သည်။
စားပွဲထိုးက အော်တာ ယူပြီး သည်နှင့် ထွက်သွားလေသည်။ လစ်ဆီက လက်ဖက်ရည်ကြမ်းသောက်ရင်း အပြင်ဖက်ကို ငေးကြည့်နေသည့်အချိန် တယောက်ယောက်က စူးစူး စိုက်စိုက် ကြည့်နေသလို ခံစားလိုက်ရသည်။
လစ်ဆီ လှည့်ပြီး လီချန်ကို ကြည့်လိုက်သောအခါ.. ရေပြင်လိုအေးစက်နေသော အကြည့်များနှင့် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်သည်။ လစ်ဆီ ရင်ထဲ တင်းကြပ်သွားပြီး မျက်တောင်တဖျက်ဖျက်ခတ်ကာ ရီပြီး မေးလိုက်သည်။
ရှင်ဘာလို့ ကျမကို အဲ့လို ကြည့်နေတာလဲ.. ကျမ မျက်နှာ ပေနေလို့လားဟင်..
ပြောပြီးသည်နှင့် .. စိတ်ထဲ တကယ် ထင်သွားပြီး အိတ်ထဲက မှန်ကို ရှာကြည့်လိုက်သည်။ သို့ပေမဲ့ အရှေ့မှာ ထိုင်နေသော သူက မျက်စိ ကျဉ်းလိုက်ပြီး မေးလိုက်သည်။
မနေ့ညတုန်းက ညစာ စားပွဲ ရှိတယ်ဆို...
ကြားလိုက်သည်နှင့် လစ်ဆီ ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။
ဟုတ်တယ်.. မနေ့တုန်းက ရင်းနှီးမြုပ်နှံတဲ့သူနဲ့ ညစာစားတာ.. ကျမကလဲ ငြင်းလို့ မကောင်းဘူးလေနော်..
ဘယ်ချိန် ပြန်ရောက်တာလဲ..
လီချန် ဆက်မေးလိုက်သည်။
နောင်တရသည့် အရိပ်များ လစ်ဆီ မျက်စိထဲ ဖြတ်သွားသည်။ သို့ပေမဲ့ ကိုယ့်ဟန်ကိုဖို့ပြီး ဘာမှ မဖြစ်သလို ဖြေလိုက်လေသည်။
မနေ့ညက ဆယ်နာရီလောက် အိမ်ပြန်ရောက်တာ..
လီချန်က ရေနွေးကြမ်းခွက်ကို ကျက်သရေရှိစွာ ယူလိုက်ပြီး တကျိုက်လောက် သောက်လိုက်ကာ..
ဘယ်နှယောက် သွားကြတာလဲ
ကျမ မမှတ်မိတော့ဘူး .. ဒါပေမဲ့ တော်တော်လေးတော့ များပါတယ်..
သူက ရင်းနှီးမြုပ်နံတဲ့သူဆိုတော့ တော်တော်ချမ်းသာမှာပဲ..

YOU ARE READING
CEO AND THE ACTRESS
RomanceLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...