SKY GROUP ရဲ့ CEO အနေဖြင့် ဝမ်လီချန် ကို သိသွားကြသော်လည်း.. ဝမ်လီချန် ဘဝ ကတော့ အဲ့လောက်ထိ အနှောက်အယှက်မရှိပေ.. သူ့ရုံးခန်းကို ရောက်ဖို့ သီးသန့် ဓါတ်လှေကားရှိပြီး.. တက်ရောက်ခွင့်ရသူ အနဲငယ်သာရှိလေသည်..
သူ့ကုမ္ပဏီ အောက်တွင် ရှိသော သရုပ်ဆောင် အမျိုးသမီးရော အမျိုးသားရော.. သူ့ကို ဆုံမိဖို့ မျှော်လင့်ပေမဲ့.. ဝမ်လီချန်ကတော့ သူတို့နှင့် တွေ့ဖို့ ဆန္ဒမရှိပေ.. လစ်ဆီ သတင်းပြန့်သွားပြီးနောက်.. သူတို့ သူဌေးက သူတို့ နှင့် ပိုဝေးသွားကြောင်း သိသွားလေသည်..
လစ်ဆီ ပြိုင်ဖက်တွေက ပိုဆိုးလေသည်.. လစ်ဆီ့ကို မနာလို ဖြစ်သလို ဒေါသလဲဖြစ်မိကြသည်. နိုင်ငံခြားမှာ သူတို့တွေ ကော်ဇောနီသွားလျှောက်တုန်းက လစ်ဆီ့ကို ကူညီခဲ့သူက သူတို့ သူဌေး ဆိုတာ ဘယ်သူ ထင်မိမှာလဲ.. အားလုံးကတော လစ်ဆီ အမြင့်ကို ရောက်သွားပြီ ထင်ကြပြီး .. အိမ်မှာ သော့ခတ်ရတာ မသိကြပေ..
လစ်ဆီ အိမ်တွင်းပုန်းလုပ်နေရတာ ငါးရက်ရှိပြီ.. အဖေ ကလဲ သူနှင့် စကားကောင်းကောင်းမပြော.. အမေကသာ သူ့ကို အဖော်လုပ်ပေးသည်.. တခါတလေ ဝမ်လီချန်ဆီ ဖုန်းဆက်သည်
ဒီလို မမြင်ရ မတွေ့ရတာ လစ်ဆီ အတွက် မခက်ခဲလှသော်လဲ ဝမ်လီချန်တော့ သီးမခံနိုင်တော့ပေ.. သူတို့ အပြင်မှာ တွေ့တဲ့ အချိန်ထက်ကို ပိုပြီး လစ်ဆီက သူ့စကားနားထောင်တတ်ပေမဲ့ ဒီလောက်နှင့် သူ မကျေနပ်နိုင်..
ဒီနေ့ တနဂ်နွေနေ့ ဆိုတော့ လစ်ဆီ စောစောထပြီး အမေ နှင့် စူပါမားကက်သွားလေသည်.. သူကတော့ တကယ့်ကို သာမာန်သာ ဝတ်ဆင်ထားလေသည်.. ဒီလိုအမေနှင့် ဈေးသွားရတာကို လစ်ဆီသဘောကျသည်... ဇတ်လမ်းတွေ ဆက်တိုက် ရိုက်ရတုန်းက သူ မိသားစု ကို အချိန်မပေးနိုင်ခဲ့..
"မေမေ သမီး ပုဇွန်စားချင်တယ်"
လစ်ဆီ ပုဇွန်တွေကို လက်ညိုးထိုးပြီး ပြောလိုက်သည်..
"ဟုတ်ပြီ.. မေမေ ဝယ်လိုက်မယ်"
"မေမေ... ဒါလဲ လိုချင်တယ်.."
"သမီး ဝယ်တာ ဒီလောက်များနေပြီကို.. အားလုံး စားနိုင်မှာလား သမီးရဲ့"

YOU ARE READING
CEO AND THE ACTRESS
RomanceLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...