လစ်ဆီ အိပ်ရာပေါ် အိပ်နေတုန်း.. သော့ယူပြီး အန်နီ တခါးလာမဖွင့်ကြည့်လျှင်.. သူ ဆက်အိပ်နေဦးမှာဖြစ်သည်။ မနေ့က မနက်ငါးနာရီအထိ သူ အိပ်မပျော်..
ရုတ်တရက်ကြီး သူ့အကောင့်ထဲမှာ ငွေတွေအများကြီးဝင်လာပြီး ဝမ်လီချန်ဖုန်းကလဲ ဆက်လို့မရပြန်.. သူ့နှလုံးသားမှာ ခုန်ထွက်လာတော့မတတ်ပင်.. ဒီလိုအခြေအနေမှာ .. သူ အိပ်ပျော်ရင်.. ထူးဆန်းမနေဘူးလား..
"လစ်ဆီ ဘာလို့ ခုထိအိပ်နေရတာလဲ.. အချိန်ကိုလဲကြည့်ဦး.. မင်း နဖူးမှာ ဝက်ခြံတွေပေါက်တော့မှာပဲ.. ငါမပြောခဲ့ဘူးလား.. မနေ့တုန်းက စောစောအိပ်ရဲ့လား"
အန်နီရဲ့ ဓါတ်ပြားဟောင်းတွေ ....
လစ်ဆီ နားကို ပိတ်ပြီး ကိုယ်လှည့်ကာ ဆက်အိပ်လိုက်သည်။ အိပ်ချင်မူးတူးနှင့် အန်နီကို တောင်းပန်လိုက်သည်။
"အန်နီ ကျမကို ခဏလေးလောက် ဆက်အိပ်ခွင့် ပြုပါနော်.. ကျမ တနာရီလောက်ပဲ ထပ်အိပ်မယ်.."
"ဘာလဲ မနေ့ညတုန်းက ဘဏ်က ပိုက်ဆံ သွားခိုးနေလို့လား.. ဒါမှမဟုတ် တညလုံး လမ်းလျှောက်နေလို့်လား.. ဘာဖြစ်တာလဲ"
အန်နီက တတွတ်တွတ်ပြောပေမဲ့ ခဏတော့ ဆက်အိပ်ခိုင်းလိုက်လေသည်။ သို့ပေမဲ့ တခုခုကို သတိရသွားပြီး
"မင်းနဲ့ ဝမ်လီချန်နဲ့ ညစာစားပွဲသွားရမှာ မမေ့နဲ့နော်.. စောစောထပြီး ပြင်ဆင်ရမှာ.. "
လစ်ဆီ စိတ်နဲနဲကြည်သွားသလိုလို.. ပြီးတော့ အိပ်မက် ထဲက သူ့ကိုယ်သူ ပြန်ရီလိုက်သည်။ ဝမ်လီချန်က သူဖုန်းဆက်တာကိုတောင် မကိုင်တာ.. ညစာစားပွဲတက်ဖို့ အခွင့်အရေးက ရှိနေသေးလို့လား
ဂရုမစိုက်ဘူးကွာ.. ဘာပဲဖြစ်ဖြစ် အိပ်ဖို့က အရေးကြီးဆုံးပဲ.. လစ်ဆီ နေ့လည် နှစ်နာရီထိ အိပ်လိုက်သည်။ သူ့မှာ ဗိုက်ဆာလွန်းလို့သာ မျက်စိဖွင့်လိုက်ရသည်။ ဗိုက်ကို ပွတ်ပြီး ထထိုင်ကာ နာရီကြည့်လိုက်သည်။
ဆိုဖာပေါ်မှာထိုင်ပြီး ကြည့်နေသော မရီရာကို
"မရီရာ.. တခုခုမှာပေးဦး ဗိုက်ဆာနေပြီ"

VOUS LISEZ
CEO AND THE ACTRESS
Roman d'amourLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...