လစ်ဆီလဲ ရုပ်ရှင် သွားရိုက်ပြီး ထမင်းကျွေးဖို့ မေ့မေ့ပျောက်ပျောက်ပင်.. ရုပ်ရှင် ရိုက်ပြီး အပြန် မိုရာ နှင့် ညစာစားဖို့ ချိန်းလိုက်သည်။ ချိန်းထားသည့်နေရာမှာ လီချန်လဲ ရောက်လာမှ လစ်ဆီ ထွက်ပြေးဖို့တွေးလိုက်ပေမဲ့.. လီချန်ကတော့ တမင်သက်သက် သူ့ကို ဆွဲထားသလား အောက်မေ့ရလေသည်။
မိုရာ နှင့် လစ်ဆီ စကားပြောနေတုန်း အခန်း တံခါး က ပွင့်သွားပြီး လီချန် က ဝင်လာသည်။
တန်မိုရာ.. ဆီရီ က ရှာနေတယ်.
မိုရာနှင့် လစ်ဆီ ချက်ချင်း တူတူ ရပ်လိုက်သည်။ လစ်ဆီ ခပ်ရှက်ရှက်နှင့် လီချန်ကို ကြည့်ပြီးနောက် မိုရာကို
ငါသွားလိုက်ဦးမယ်..
မိုရာက ခေါင်းငြိမ့်ပြလိုက်သည်။ လစ်ဆီ တခါးနားရောက်သည့်အချိန် အေးစက်စက် အသံ ထွက်လာသည်၊
မင်း ကိုယ့်ကို ထမင်းကျွေးဖို့ အကြွေးတင်ထားတယ်လေ.. ဒီတနပ် ကို လျော်ကြေးအနေနဲ့ ထားလိုက်မယ်..
မိုရာ သူတို့နှစ်ယောက်ကိုကြည့်လိုက်သည်။ ပြီးနောက် လစ်ဆီကို သနား ကြည့်ကြည့်လေးနဲ့ ကြည့်ပြီး
လစ်ဆီ ငါ အရင် သွားနှင့်မယ်..
လစ်ဆီ ခေါင်းငြိမ့်ပြလိုက်သည်။ အရင် ပြသနာကို နှစ်ဦးသား ရှင်းလိုက်ရင် ပိုကောင်းလိမ့်မည်။
လီချန်က ဟန်လုပ်ပြုံးပြီး..
ဘာလဲ.. မတတ်နိုင်လို့လား..
မတတ်နိုင်တာတော့ ဘယ်ဟုတ်ပါ့မလဲ.. ဒီလူက ဒီလောက်ကြီး အေးစက်စက် ဆက်ဆံနေတာကြီးကို .. လစ်ဆီ ခန တွေးလိုက်ပြီး
ကောင်းပြီလေ .. ကျမ ကျွေးပါ့မယ်..
လီချန်က အရင်ထွက်သွားပြီး အခန်း အသစ် ကို သွားလိုက်သည်။ သူ့နောက်ကျောက လစ်ဆီ .. အခုမှ သက်ပြင်းချမိသည်။ အေးလေ သူနဲ့ နှစ်ယောက်တည်း သွားစားတာနဲ့ အခုလို လူအများကြီးနဲ့ စားတာက ပိုကောင်းပါတယ်လေ..
မေမေ ဖေဖေ့ဘေးမှာထိုင်..
ဆီရီက ထိုင်ခုံနေရာ ချပေးနေသည်။ သူက ရိနိုဘေး ထိုင်ပြီး ရိနို ဘေးမှာ လီဟန် .. ပြီးတော့ လွတ်နေတဲ့ ခုံနှစ်ခုံက သူ့မွေးစားမေမေ နဲ့ မွေးစားဖေဖေ အတွက်ပေါ့..

STAI LEGGENDO
CEO AND THE ACTRESS
Storie d'amoreLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...