24

168 9 0
                                    

အေးစက်နေသော ရေ အောက်မှာ လစ်ဆီ ကြောက်လာသည်။ လက်ပြဖို့ သူအတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမဲ့ သူ့ကိုယ်လေးကတော့ ရေထဲတဖြည်းဖြည်းကျသွားလေပြီ.. နှစ်မီတာ နက်သော ရေအောက်မှာ လစ်ဆီ လဲကျသွားတော့မတတ်.. 

ရေထဲမှာ မျက်လုံးဖွင့်နေရသောကြောင့် မျက်စိစပ်နေတော့သည်။ ပါးစပ်ဟပြီး ကယ်ဖို့အော်လိုက်ပေမဲ့ရေသာသောက်မိသည်။ ရုတ်တရက် လူတယောက် သူ့ဆီရေကူးလာတာတွေ့လိုက်သည်။ လစ်ဆီ သတိလစ်ခါနီး သူ့ကို လာကူသောလူမျက်နှာကို တွေ့လိုက်ရပြီး .. ဝမ်းလဲဝမ်းသာသွားလေသည်. 

လစ်ဆီ နဲနဲအံအောသွားသည်.. ဘုရားရေ.. လီချန်သူ့ကို လာကယ်တာတဲ့လား.. 

ဘာမှ ဆက်မတွေးနိုင်ခင်မှာ ရေထဲကနေ ဆွဲထုတ်ခံလိုက်ရပြီး ရေမျက်နှာပြင်ပေါ်မှာ ပေါ်လာသည်။ ကိုယ့်ကို မသိလိုက်ပဲ လစ်ဆီ သူ့လည်ပင်းကို တင်းတင်းဖက်ထားမိပြီး သူ့ရင်ဘတ်မှာ မှီနေလေသည်။ 

"အဟွတ် .. အဟွတ်"

ဘေးမှာ ရှိသော အစောင့်တွေက ချက်ချင်း လစ်ဆီကို ဆွဲတက်လိုက်လေသည်။ လစ်ဆီ တကိုယ်လုံး စိုရွဲနေပြီး အသက်ကောင်းကောင်းမရှူနိုင်သေး.. ဘေးမှာ လျှောက်လာတဲ့သူက ဘယ်သူဖြစ်နိုင်မလဲ ဝမ်လီချန်ပဲပေါ့..  

ထိုအချိန် သူ့ဆံပင်တွေအားလုံး အနောက်ဖက်လှန်ထားပြီး သူ့ရဲ့ စက်စီ ကျသော မျက်နှာ မှာ ထင်းလို့နေလေသည်။ သူဝတ်ထားသော အနက်ရောင်ရှပ်က ရင်ဘတ်နှင့်ကပ်နေပြီး သူ့ရဲ့ရင်ဘတ်ကြွက်သားက ထင်းလို့နေပြန်သည်. 

အမျိုးသမီး အနုပညာရှင်တွေ ရင်ထဲ အော်မိသွားသည်။ အင်း .. ရေထဲ ကျသွားတဲ့သူဟာ ကိုယ်သာ ဖြစ်လိုက်ပါတော့... ဒီလို အမျိုးသား အကယ်ခံရတာ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ကံလဲ. 

လစ်ဆီက အဖြူရောင် အပါးစကို ဝတ်ထားသောကြောင့် ရေထိလိုက်သည်နှင့် ဖောက်ထွင်းမြင်နိုင်သွားလေသည်။ ထို့ပြင်. အဝတ်က စိုပြီး ကပ်သွားသောကြောင့် သူ့ခါးနှင့် ပေါင်တံတွေကလဲ မီးရောင်အောက်မှာ အထင်းသား.. 

ဝမ်လီချန် မျက်မှောင်ကြုတ်လိုက်သည်။ သူ့အခြေအနေကိုသူ ဂရုမစိုက်နိုင်.. ဘေးက လုံခြုံရေးဆီသွားပြီး တဘက်ယူကာ လစ်ဆီကို ဖုံးပေးလိုက်ပြီး ပွေ့ယူလိုက်လေသည်။ ပြီးနောက် ဘေးကနေ ရှိနေသော ဝန်ထမ်းကို 

CEO AND THE ACTRESSWhere stories live. Discover now